18th century

373 30 8
                                    

Perfect Strangersလေးနဲ့အတူ 18ရာစုကိုပြန်သွားကြည့်လိုက်ရအောင်

Romaniaနိုင်ငံရဲ့
မြို့ငယ်လေးတစ်ခု

မနက်ခင်းစောစောဖြစ်တာကြောင့်
မြူမှုန်မြူစလေးတွေရယ်မကွဲသေး

ဈေးတန်းငယ်လေးဟာတော့စောစောစီးစီးနိုးထလျက်ရှိပြီ မြင်းလှည်းသံ ဈေးခေါ်သံ လူသံသူသံ ခွေးသံ ကလေးသံများဖြင့်ဆူညံလျက်

"Hee Hee!!!!"

"အင်းးးး~~~Hae Joo-ah!!
ဘာလာလုပ်တာလဲ
ဈေးထဲလိုက် လိုက်မလာပါနဲ့ဆို Haeလေးကပြောမရဘူးကွာ"

"ဟယ်ဂျူ အိမ်မှာတစ်ယောက်တည်းဖြစ်နေလို့ ပျင်းတယ်"

"ကိုကိုပြီးတော့မှာလား ??"

"ဒါပြီးရင် ကိုကို ပန်းထိမ်ဆိုင်ဘက်သွားရဦးမယ် ဟယ်ရဲ့
ငွေဓားမှာထားတာ
ဒီနေ့ရမယ်တဲ့"

"ဟယ့်ဖို့ရော ?? ဟယ့်ဖို့ရော?"

"ဟယ်လေးကငယ်သေးပါတယ်"

ခွေးပေါက်လေးလိုခေါင်းကိုကိုင်ပုတ်မိတော့ ဆတ်ဆတ်မခံပြန်ပြောတဲ့
အီဟယ်ဂျူ တစ်ဦးတည်းသောညီမလေးမို့ မျက်စိအောက်ကအပျောက်မခံသည်မှာမထူးဆန်း မောင်နှမနှစ်ယောက်တည်းရပ်တည်နေရတာမို့ အပူအပင်ကလည်းမရှိ 
တစ်ခုတော့ရှိသည်
ဟယ်ဂျူကသိပ်ထိန်းရခက်သည်

"ဟယ်ဂျူလေးကဂျယ်ယွန်းနဲ့သွားကစားနေနော်"

"ဟယ်ကကလေးမှမဟုတ်တော့တာ"

အခုဘဲကြည့်
သူ့ညီမလေး16နှစ်ဆိုတာအီဟီဆွန်းမျက်လုံးထဲတော့ငယ်လွန်းလှပါသည်

ဟယ်ဂျူကတော့ဒါကိုလက်မခံ
Hunterသွေးအပြည့်ပါသည်ဘဲပြောရမလား ဇိုးခနဲဇက်ခနဲ စိတ်ဆတ်သည်
တစ်ဦးတည်းသောအကိုမို့လို့ဆိုပြီးလဲ သူ့အားအလျော့မပေး
ရန်တစ်ခါဖြစ်တိုင်းအိမ်ပေါ်ကတစ်ခါဆင်းသည် ပြီးရင်1ရက်2ရက်လောက်ပြန်မလာ‌တော့

စစချင်းတော့အကိုလုပ်သူမို့
စိတ်ပူမိပေမဲ့ နောက်တော့သူလဲရိုးလာလေပြီ  ဘယ်သွားနေကြလဲဆိုတာသိနေတာကိုး
သူ့ညီမမို့လို့
တိုက်ရည်ခိုက်ရည်ကိုတော့စိတ်မပူ

သူ့ညီမလေးဗန်ပိုင်းယားတွေနဲ့တွေ့မှာတော့သေလောက်အောင်ကြောက်သည်
ဒီကြားထဲဗန်ပိုင်းယားအမဆိုလျှင်ကိစ္စမရှိ
အထီးဆိုလျှင်ကိစ္စရှိသည်
တစ်ချို့တွေကလဲ
တစ်ချက်ထဲကိစ္စတုံးပစ်သလို တစ်ချို့ကလဲသူတို့အသုံးတော်ခံဖြစ်ခိုင်းစေပြီးမှကိစ္စတုံးသည် ဒါ့အပြင်
ဗန်ပိုင်းယားတွေကအားကြီးသည့်အတွက်
သူ့ညီမလေး ဘယ်လောက်တော်တော်လွန်ဆန်နိုင်မည်မဟုတ် 
Lee Familyဆိုတာကလဲတစ်ချိန်တစ်ခါကနာမည်ကြီး‌ခဲ့သော Hunter Family

PERFECT STRANGERS //EN- OC//Where stories live. Discover now