Chapter 1 - Transmigrated

3.7K 126 1
                                    

"... ငါဒီနေ့မလိုက်ဖြစ်တော့ဘူး"

ဆုရန်ကသူမ၏ရှေ့ကကားထဲကအမျိုးသမီး ကိုကြည့်ပြီး ပြောလိုက်သည်။

"ဘာ?! မလိုက်တော့ဘူး? နင်လာနောက်နေတာလား? ငါတို့ဖောက်သည်တွေကစောင့်နေပြီလေ... အခုမှ နင် ကမလိုက်တော့ဘူးလို့ ပြောနေသေးတာလား?"

အမျိုးသမီးက ဆုရန် စကားကြောင့်အံ့သြသွားဟန်ဖြင့် ပြောလိုက်သည်။

"ငါမနောက်ဘူး..အဲဒါက..အင်း..ငါ..ဗိုက်သိပ်မကောင်းသလိုဖြစ်နေတယ်...ဒါ့ကြောင့် တောင်းပန်ပါတယ်"

ဆုရန် ကတစ်ဘက်မိန်းကလေးတင်းတင်းဆွဲကိုင် ထားတဲ့သူမလက်ကို ပြန်ဆွဲယူရင်း ဝေဒနာကြောင့် နာကျင်နေတဲ့အသံနဲ့ပြောလိုက်သည်။

"နင်သေချာလား?"

အမျိုးသမီးက ဆုရန် ကိုသံသယမကင်းဟန်နဲ့ကြည့်ကာ မေးလိုက်ပြီး

"ဒီနေ့တွေ့ရမယ့်ဖောက်သည်တွေက ဒုံရှန်အပိုင်း မှာနေတာ..အဲဒိ့နေရာမှာနေတဲ့လူတွေဆိုထဲ က ဒါအခွင့်အရေးကောင်းတစ်ခုပဲနော်..နောက်မှငါနင့်ကို သတင်းမပေးဘူးမပြောနဲ့...နောက်ပြီးဒီပွဲကို မလိုက်ဘူးဆိုရင် နင်ဒီနေ့တစ်နေ့လုံးအတွက် ဝိုင်းကြေးရမှာမဟုတ်ဘူး.."

"ငါနားလည်တယ်..နားလည်ပါတယ်...ငါလဲငွေပိုရမှာကိုလိုချင်တာပေါ့..ဒါပေမယ့် တကယ့်ပွဲကောင်းမှ လွဲရ တော့မယ်..ဟုန်ကျဲ.."

"ကောင်းပြီ..ဘာပဲဖြစ်ဖြစ်ပါ..."

သူမက ဆုရန် စကားကို အလေးမထားသလိုရိုင်းပျစွာ ဖြတ်ပြောလိုက်ပြီးအပြင်မှာရပ်နေတဲ့အခြား မိန်းကလေး တွေကိုခေါ်ပြီးကားထဲဝင်ထိုင်လိုက်သည်။

BAM!

"ကျေးဇူးမသိတဲ့ဟာမ!"

ကြမ်းတမ်းတဲ့ကားတံခါးပိတ်သံနဲ့အတူ ဟုန်ကျဲရဲ့ စကားသံတွေကို ဆုရန် ကြားနေရသည်။

ထိုမိန်းမ၏စကားများက ဆုရန် ကိုစိတ်မသက်မသာ ဖြစ်စေပေမယ့် သူမစိတ်မဆိုးမိပါ။ သူမသေသွား ရတယ်ဆိုတာထက် အဲလို နာမည်ဆိုးတစ်ခုရတာက ဘာမှမဟုတ်သေးလို့သူမ ထင်သည်။

ဆုရန် ကဟုန်ကျဲနဲ့ ဒီပွဲကိုတက်မိပြီး ဘယ်လိုကြောင့် သေသွားလဲမသိပေမယ့် ဒီပွဲမှာ သူမသေချာ သေရမယ် ဆိုတာကို သိနေသည်။ ဘာလို့လဲဆိုရင် ဒီဝတ္တုကို သူမ ဖတ်ဘူးပြီးသားမို့ဖြစ်သည်။

My Son Might Be A VillainWhere stories live. Discover now