ကု အိမ်ရှေ့ကိုရောက်လာတော့ ဆုရန် ကို အလုပ်သမားတစ်ယောက်ကတားဆီးခဲ့သည်။
"ဒီကိုအလုပ်လာလုပ်တာပါ..ဟုန်ကျဲနဲ့အတူ လာတာပါ.."
ဆုရန် ကခေါင်းငုံ့ရင်းပြောလိုက်သည်။
ဟုန်ကျဲက City B က ပြည့်တန်ဆာအသိုင်းအဝိုင်းမှာ လူသိများသူဖြစ်သည်။ အလုပ်သမားက "ဟုန်ကဲျ" နာမည်ကြားလိုက်တာနဲကသူမကဘာအလုပ်လုပ်တဲ့လူလဲဆိုတာချက်ခြင်းနားလည် သွားသည်။
"တံခါးမှာပစ္စည်းအားလုံးထားခဲ့ပါ..ငါနဲ့အနောက်ဘက်တံခါးကိုလိုက်ခဲ့.."
"အိုကေ"
ဆုရန် ပစ္စည်းဆိုလို့ပိုက်ဆံအိတ်ထဲမှာ အပေါစား နှုတ်ခမ်းနီနဲ့ ယွမ် ၁၀၀၀ တန်ဖုန်းတစ်ခုသာ ရှိသည်။ အဲဒါတွေကသူမနဲ့အတူရှိလဲရသလိုမရှိလဲရတဲ့အရာတွေဖြစ်သည်။
အားလုံးကိုထားခဲ့ပြီးတော့သူမက အလုပ်သမားနဲ့အတူ ကု အိမ်တော်အနောက်ဘက်ကနေဝင်လာ ခဲ့သည်။ သူမကအလုပ်သမားစီစဉ်ပေးခဲ့တဲ့နေရာမှမနေခဲ့ပါ။ အလုပ်သမားထွက်သွားတာနဲ့ ဆုရန် လဲအရှေ့ခန်းမ ဘက်ကိုထွက်လာခဲ့သည်။
ပွဲကအခုမှစတုန်းဖြစ်သည်။
ဒီနေ့ဧည့်သည်တွေအများကြီးရောက်နေသည်။ အတော်များများက မူရင်းခန္ဓာကိုယ်နဲ့သိဘူးသူများ ဖြစ်သည်။ လွန်ခဲ့တဲ့၁၀နှစ်ကတော့သူတို့က ချမ်းသာပြီးဆိုးသွမ်းတဲ့ကလေးတွေဖြစ်ပြီးအခုသူတို့က လူသားအရေခြုံထားတဲ့တိရိစ္ဆာန်များဖြစ်နေပြီဖြစ်သည်။ ဟုန်ကျဲနဲ့သူမအဖွဲ့ကတော်တော်များများကို ဧည့်ခံနေသည်။ သူတို့နဲ့အတူတက်သစ်စသရုပ်ဆောင်များ ကျောင်းသားများကလဲရောနှောပါဝင်နေသည်။
ဆုရန် ကလူငယ်တွေကြားက ဆုဟန်ရဲ့တည်နေရာ ကိုချက်ခြင်းရှာတွေ့သွားသည်။
ကလေးငယ်က၁၃/၁၄ နှစ်သာရှိနေသေးတာမို့ လူအုပ် ထဲတွင်ရပ်နေစဉ်အသက်အပုဆုံးဖြစ်သော်လည်းသူ၏ ချောမောသောမျက်နှာကသူ့ကိုထူးခြားစွာထင်ရှားစေသည်။ အခုသူက အရွယ်ရောက်သူ မဟုတ်သေးသော် လည်းနောင်မှာအလွန်ချောမောသောယောက်ျားတစ် ယောက်ဖြစ်လာလိမ့်မည်ဟုပြောနိုင်သည်။
YOU ARE READING
My Son Might Be A Villain
Ficción General******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, plea...