Chapter 3 - Cheat

786 76 1
                                    

"အတင့်ရဲလိုက်တာ! မင်းကယောက်ျားထောင်ချီနဲ့ အိပ်ခဲ့တဲ့မိန်းမပျက်ပဲ!"

ဆုရန် ကသူ့လက်ထဲကအကြိမ်များစွာ ရုန်းထွက်ပြီး နောက်မှာ ကုကျားဟော်ကလုံးဝဒေါသထွက်သွားပြီး

"ဘာစောက်အလုပ်လုပ်နေတာလဲ? မင်းကိုယ်မင်းဖြူစင် အပြစ်ကင်းသလိုဟန်ဆောင်နေသေးတာလား? မင်းဒီကိုဘာလာလုပ်တယ်ဆိုတာရောမေ့သွားပြီလား? မိန်းမပျက်..မင်းဘယ်သူ့ကိုဧည့်ခံပါစေဘာကွာမှာလဲ? မင်းင့ါကိုဒီနေ့ကျေနပ်အောင်လုပ်ပေး..မင်း လဝက် လောက်အလုပ်လုပ်ဖို့မလိုအောင်..ငါမင်း ကို ဒေါ်လာထောင်ချီအပိုဆုပေးမယ်..!"

"ကု အိမ်ရှင်ကြီး..."

ဆုရန် ကသူ့ကိုဖြတ်ပြောလိုက်သည်

"ရှင့်ကိစ္စတွေဖြေရှင်းဖို့ဆိုရှင်လူမှားနေပြီ..ဒီနေ့ကျွန်မဒီကိုလာတာအလုပ်လာလုပ်တာမဟုတ်ဘူး"

တကယ်လို့သူမသာယခင်ဘဝကလိုဒေါသကြီးတဲ့ဂီတပညာရှင်ဖြစ်နေသေးရင် ဆုရန် က အပုပ်နံ့ နဲ့ဒီလူကို လက်မနှေးဘဲခေါင်းရိုက်ခွဲလိုက်မိမှာသေချာသည်။

ကံမကောင်းတာက သူမကအခုအားနည်းတဲ့ဘက် ကဖြစ်ပြီး အခြေအနေကသူမကိုဒီလိုလုပ်ခွင့် မပြုထားပါ။ ပြောပြီးတာနဲ့သူမကလူငယ်လေးဘက်ကိုလှည့်လိုက် သည်။ ဆုဟန်အကြည့်တွေက ပြောင်းလဲသွားသည်။ မသိတဲ့လူတစ်ယောက်အဖြစ်ထူးဆန်းသလိုအကြည့်မှသည် သူစိမ်းတစ်ယောက် ကိုမထီမဲ့မြင်ကြည့်သလို ပြောင်းလဲသွားသည်။

ဟဟဟ....နောက်ဆုံးတော့ အသင့်ရလာတဲ့သားလေး ကသူ့အမေကိုမှတ်မိသွားပြီ။

သူမဘယ်သူလဲဆိုတာသိလိုက်ရတဲ့စက္ကန့်ပိုင်းမှာပဲ ဆုဟန်ကမယုံနိုင်သလိုခံစားလိုက်ရသည်။ တစ်မိုးထဲ အောက်မှာ ၁၂နှစ်လောက်အတူနေခဲ့ပေမယ့် သူတို့ ကဆက်သွယ်ပြောဆိုခဲသည်။ သူမကမိန်းမကောင်း တစ်ယောက်မဟုတ်ဘူး။ ဒါက ဆုဟန်သိတဲ့ "ဆုရန်" ဖြစ်သည်။

ဆုဟန်က ဆုရန် ကိုဆုမိသားစုရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဇတ်လိုက်နဲ့ဇတ်လိုက်မ ကြောင့်လွင့်လာတဲ့ဘ၀ ဆိုတာကိုမသိပေမယ့် သူမဘာအသက်မွေးဝမ်းကြောင်း လုပ်တယ် ဆိုတာကိုတော့သူသိသည်။ ဆုရန်ကသူမ သားကိုသူမ၏ဘ၀ ရဲ့ရှုပ်ထွေးမှုအဖြစ်ရှုမြင်ခဲ့သည်။ ဆုဟန်ကလဲ သူမရဲ့သားဖြစ်ခြင်းကြောင့် ရှက်ရွံ့ခဲ့ရ သည်။

My Son Might Be A VillainWhere stories live. Discover now