Chapter 4- Pretend Mother and Son

722 68 1
                                    

ဆုဟန်ကလက်ခါလိုက်ရုံနဲ့ပြိုလဲမတက်ဖြစ်သွားတဲ့ ဆုရန် ကိုကြည့်ပြီးအံ့သြသွားသည်။ သူမကို အမြန်ပြန် ထိန်းပေးလိုက်ပေမယ့်သူ့လက်ကိုတော့အမြန်ပြန်ဆွဲ ထုတ်လိုက်သည်။

အပြစ်မကင်းမှုနဲ့စိုးရိမ်မှုကသူ့မျက်နှာမှာဖြစ်သွားပေ မယ့်အေးစက်မှုတွေနဲ့အမြန်အစားထိုးခံလိုက် ရသည်။

ဆုရန် ကသူမကိုယ်သူမတည်ငြိမ်အောင် ကြိုးစားပြီး နောက်မှာသူမက ဆုဟန်ကိုကြည့်လိုက်သည်။ သူမ တွေ့လိုက်ရတာကနတ်ဘုရားတွေမနာလိုလောက် အောင်ချောမောတဲ့လူငယ်လေးက ခပ်ဝေးဝေး က သူမကို ရွံရှာသလိုအကြည့်နဲ့ကြည့်နေတာပဲဖြစ်သည်။

ဆုရန် သူ့ကိုကြည့်လာတော့ ကူးစက်ရောဂါတစ်ခုလို ဆုဟန် ကနောက်ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

ဆုရန် နှုတ်ခမ်းတွေတွန့်သွားသည်။ သူမက ဒီမရင်းနှီး တဲ့သားဆိုတဲ့ဟာကိုပါးရိုက်မိချင်သလိုဖြစ်သွားသည်။

ဆုဟန်က ကုကျားဟော်ရဲ့ပါတီမှာတစ်ခုခုမှားနေတယ် ဆိုတာပြောနိုင်ပေမယ့်သူတို့သေရေးရှင်ရေး ကြုံလာခဲ့ တာဆိုတာကိုနားလည်ပုံမရပါ။ တစ်ဘက်မှာတော့ ဆုရန် ကဝတ္တုတစ်ခုလုံးကိုဖတ်ထားသူ မို့ သူမတို့သာ တစ်ခုခုမှားခဲ့ရင်သူမတို့နှစ်ယောက်လုံး ကု အိမ်မှာ သေသွားနိုင် တယ်ဆိုတာကို သိထားခဲ့ သည်။

သူမက သူမဘဝကိုရင်းပြီးသူ့ကိုခေါ်ထုတ်ခဲ့ရတာ ကို..အခုသူမဘာပြန်ရတာလဲ? သူမကရဲ့အသင့်ရ လာ တဲ့သားလေးက သူမရဲ့အားထုတ်မှုကိုကျေးဇူး မတင် တဲ့အပြင် သူက 'ငါ့ကိုတုပ်ကွေးရောဂါသည် ကြည့်နေ တယ်..ဝေးဝေးရှောင်မှ' ဆိုတဲ့ပုံစံဖြစ်နေသည်။

ဒါပေမယ့်သူမချက်ခြင်းနားလည်သွားမိတာရှိသည်။ ဒီအနာဂတ်ဗီလိန်ဘော့စ်ကြီးမှာသူ့အမေကို မကြိုက် လောက်စရာအကြောင်းပြချက်များစွာရှိသည်။ ဘာပဲဖြစ်ဖြစ်မူလကိုယ်ကဒီသားကိုမကြိုဆို ခဲ့ပါ။ "ဆုရန်" ရဲ့ဒုက္ခက ဆုဟန်မမျှော်လင့်ဘဲမွေးလာတာ ပဲဖြစ်သည်။

"ဆုရန်" အကြမ်းဖက်ခံရပြီးမုဒိန်းကျင့်ခံရတုန်းက ကိုယ်ဝန်ရလာမယ်မှန်းနားမလည်ခဲ့ပါ။ သူမနားလည် လာချိန်မှာ ဖျက်ချဖို့အရမ်းနောက်ကျသွားခဲ့ပြီ။

My Son Might Be A VillainWhere stories live. Discover now