Chapter 5 - Borrowing A Private Room

607 64 1
                                    

မမျှော်လင့်စွာသူမ ရောက်လာရတဲ့ ဒီကမ္ဘာကြီး အကြောင်းစဉ်းစား ကာ စိတ်ရှုပ်ထွေးမှုများစွာနဲ့ ညနက်တဲ့အထိသူမအိပ်မပျော်နိုင်ခဲ့ပါ။

နောက်နေ့မနက်မှာနေမထွက်ခင်ထဲကတံခါးအပြင် ဘက်က အတင်းပြောသံတွေကြောင့် ဆုရန် နိုးလာခဲ့သည်။

"အိုက်ယား..ကြည့်ဦး...ဒီလောက်ရှုပ်ပွနေတာ..ဘယ်နားကနေလမ်းလျှောက်ရတောမှာလဲ?"

"ဟုတ်ပါ့..ဝက်လှောင်အိမ်ကျနေတာပဲ..တော်တော်ဆိုးတာပဲ..."

"ဝက်လှောင်အိမ်? ငါကတော့ ကြက်သိုက်လို့သာ ထင်တယ်.."

(T/N: "ကြက်" ကဒီမိန်းကလေးရဲ့ "အလုပ်"ကို ရည်ညွှန်းချင်နေတာ...)

"ဟီဟီ..ရှင်မှန်တယ်..."

အပြင်က ဇနီးသည်များနဲ့လက်မထပ်ရသေးတဲ့ မိန်းကလေးများကသူမအကြောင်းပြောပါလားဆိုတာကို ဆုရန် က တွေးတောင်မတွေးပါ... အရင်နှစ်တွေက ဒီမိန်းကလေးမှာငွေမရှိပေမယ့် ဝယ်တာမရပ်နိုင်တော့ အပေါစားတွေကိုဆက်ဝယ်ခဲ့သည်။

အထဲမှာသူမ မတော်တော့တဲ့ဖိနပ်တွေတောင် တောင် တစ်လုံးစာရှိသည်။မိသားစုတွေမှာများသော အားဖြင့် သိပ်အသုံးမဝင်တဲ့ပစ္စည်းတွေကိုအိမ်အပြင်မှာထုတ်ထားတာများ သည်။ ဒါကိုပုံမှန်အားဖြင့်ဘယ်သူမှ စောဒက မတက်ကြပါ။

အရင်ညကငွေချေးထာသူတွေကိစ္စနဲ့အပြင် ဆုရန် ရဲ့ အရေးမထားသလိုတုန့်ပြန်မှုအရ သူတို့က အခု အပြစ် တွေ့တော့ထပ်ပြီး ပြောကြတာဖြစ်သည်။ တဖြေးဖြေး ပိုလူစုလာပြီးပြောစရာတွေ များလာသည်။

"လျှောက်လမ်းကအရင်ထဲကကျဉ်းနေပြီးသား..အခု ဘယ်လိုငါတို့ဖြတ်သွားရတော့မလဲ? နောက်ပြီး ညစ်ပတ်နေတာပဲ..ရွံဖို့ကောင်းတယ်.."

"သူမကပုံစံကိုက အဲလိုလူမျိုးပဲလေ..!"

"အဲဒိ့မိန်းမကိုအမြန်ရှင်းခိုင်းရမယ်..!သူမ မလုပ်ရင် ဒါတွေအားလုံးအမှိုက်ထဲသွားပစ်မယ်!"

"မှန်တယ်! ပစ်လိုက်! ဒီလိုအများပိုင်နေရာမှာ သူမလာစုပုံထားမထားသင့်ဘူး!"

"အိုကေ..ဒါဆိုလဲအားလုံးကိုလွှင့်ပစ်လိုက်ကြစို့..."

သူတို့ဘာသာပွဲဆူတက်ကြွနေကြတဲ့အမျိုးမသီးတွေက သူမတို့ဆွေးနွေးနေတဲ့ဇတ်ဆောင်ကသူမတို့ ရှေ့မှာ ရုတ်တရက်ပေါ်လာမှာကို မမျှော်လင့်မိခဲ့ဘူး။

My Son Might Be A VillainWhere stories live. Discover now