Chapter 6 - Recording

585 63 1
                                    

"သီးသန့်ခန်း? နင့်မှာဧည့်သည်ရှိလို့လား?"

ဆုရန်သီးသန့်ခန်းလိုချင်တယ်ပြောတာနဲ့သူမတွေး မိတာကဆုရန်ကသူမရဲ့သူဌေးကိုဧည့်ခံဖို့လို့ နောက်ပြီးအဲဒိ့ သူဌေးဆိုသူကလဲ သူမအခုအလုပ် ထွက်တာနဲ့သက်ဆိုင်နေတာဖြစ်နိုင်သည်။

"မဟုတ်ပါဘူး..."

ရှောင်ရှအတွေးတွေကမျက်ဝန်းမှာပါပေါ်နေသည်။ ဆုရန် ကသူမဘာလို့ဒီလိုတွေးနေလဲမသေချာ။

သူမကအတွေးမှားများစွာတွေးတက်သူမဟုတ်ရင် မူလ ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အခြေအနေက ဒီလို တွေးချင်စရာကောင်းအောင်ဖြစ်နေတာပဲဖြစ်ရမည်။ သူမတို့မျက်လုံးထဲမှာ ဆုရန်ကဒီအလုပ်နဲ့ကင်းကွာ သွားဖို့မဖြစ်နိုင်သလိုထင်ရပုံရသည်။ ဒါကြောင့်သူမ အလုပ်ပြောင်းမယ်ပြောတာကို ရှောင်ရှကမယုံနိုင် တာ ပဲဖြစ်မည်။

"ငါစန္ဒယားပါတဲ့အခန်းမှာသီချင်းနဲနဲလောက်သွင်းချင် တာလောက်ပါပဲ.."

ဆုရန် ကသူမရည်ရွယ်ချက်ကိုရှင်းပြလိုက်သည်။

သီချင်းရောင်းတာ..။

ဒါက ဆုရန် တွေးမိတဲ့အသက်ရှင်ဖို့နည်းလမ်း၊ နောက်ပြီးငွေချေးထားတာတွေကို အမြန်ပြန်ဆပ် လို့ရတဲ့နည်းလမ်းပဲ။ သူမရဲ့မူလကမ္ဘာမှာဆို ဆုရန် ကဂီတအသိုင်းကရောမီဒီယာကပါ ထူးချွန်ဆရာကျတဲ့ ဂီတပညာရှင်လို့ချီးကျူးပြောဆိုရသည့် သူဖြစ်သည်။ ဒါပေမယ့်သူမကအခြား နာမည်ကြီး ဂီတပညာရှင် တွေလို နေထိုင်ရှင်သန်ရေးအတွက် သီချင်းရောင်း တာမျိုးလုံးဝမလုပ်ခဲ့ပါ။

ထိုကဲ့သို့မလုပ်တဲ့အပြင် စီးပွားရေးအရရည်ရွယ်ခဲ့တဲ့ ဂီတများကိုတောင်သိပ်အများကြီးမလုပ်ပါ။

ဘာလို့လဲဆိုရင်သူမကအငယ်ဆုံးနဲ့အထူးချွန်ဆုံးဂီတပညာရှင်ဖြစ်သလို အသိုင်းအဝိုင်းမှာချမ်းသာ ပြည့်စုံလွန်း သူဖြစ်သည်။

ဒီကမ္ဘာမှာတော့..သူမက မှော်ဆန်တဲ့ဂီတပညာရှင် မဟုတ်နေတာကြောင့် သူမဆီကသီချင်းဝယ်ဖို့ တန်းစီနေတဲ့ ကုမ္ပဏီတွေ..အဆိုတော်တွေ.. လွှမ်းမိုး နိုင်စွမ်းမြင့်မားတဲ့အနုပညာရှင်တွေလဲမရှိနေခဲ့ပါ။

My Son Might Be A VillainWhere stories live. Discover now