ဆုရန်ကဘားရှေ့မှာဖြစ်ခဲ့တဲ့ကိစ္စကိုစိတ်ထဲသိပ်မထည့်ထားခဲ့ပါ။
သူမအိမ်ပြန်ရောက်တော့ သူမအသံသွင်းယူလာတဲ့ အသံဖိုင်၁၀ခုဖိုင်ကြီးကနေ တစ်ပုဒ်ချင်းဖိုင်သေး ဆယ်ခု ပြန်ခွဲထုတ်လိုက်သည်။ အဲဒိ့နောက်မှာမတူညီတဲ့ ဂီတ ကုမ္ပဏီတွေဆီကိုပို့ဖို့စဉ်းစားထားသည်။ ဆယ်ခုလုံး အစုံလိုက်ကိုတော့သူမက ရှန်ဒင်အနုပညာ ရဲ့အများ ဆက်သွယ်နိုင်တဲ့ အီးမေးလ်ဆီကိုပို့လိုက်သည်။
ရှန်ဒင်အနုပညာ ကလက်ရှိမှာဂီတလုပ်ငန်း ကုမ္ပဏီ ကြီးတစ်ခုဖြစ်နေပြီး ဒုတိယအမျိုးသား ဇတ်လိုက် လုဘိုယောင်း ရဲ့ကုမ္ပဏီလဲဖြစ်သည်။
မူရင်းဝတ္တုထဲမှ အဲဒိ့ရှုပ်ပွေပေါ့တန်သလို ဟန်ဆောင် နေတဲ့ ဒုတိယအမျိုးသားဇတ်လိုက်ကတကယ် တော့ သစ္စာရှိသူဖြစ်သည်။ ဒါ့ကြောင့်သူကစာဖတ်သူ တော်တော်များများကိုဆွဲဆောင်နိုင်ခဲ့သည်။
ဇတ်လမ်းအဆုံးမှာ အမျိုးသမီးဇတ်လိုက်က အမျိုးသား ဇတ်လိုက်ကိုသာရွေးချယ်ခဲ့သည်။ လုဘိုယောင်း ကတော့ သူတို့ကိုပြုံးကာဂုဏ်ပြုစကားဆိုခဲ့သည်။ ဒါပေမယ့်သူကဘယ်တော့မှ လက်မထပ်ခဲ့ပါ။
စာဖတ်သူအချို့က လုဘိုယောင်းနဲ့ ဇတ်လိုက်တို့ရဲ့ ၁၆နှစ်သမီးကြားမှာ ချိုမြိန်တဲ့စကားပြောဇတ် ဝင်ခန်း တစ်ချို့ပါလာတာကိုထောက်ပြဆွေးနွေးခဲ့ကာတစ်စုံ တစ်ခုမျှော်လင့်ပေမယ့် ဆုရန်ကတော့ ထိုစကားပြော ခန်းတွေက ဦးလေးနဲ့တူမလို ဆက်သွယ်ပြောဆိုခဲ့တာ လို့သာ ခံစားရသည်။ သူတို့ကြား တကယ်တစ်ခုခုရှိ လာရင်အံ့သြစရာ ဆိုပေမယ့် သူတို့အသက်ကွာခြား တာကြီးကလဲ သတိထားမိစရာ ဖြစ်နေသည်။
ရှန်ဒင်အနုပညာ ကဒုတိယအမျိုးသားဇတ်လိုက်အတွက် ကစားစရာ အဖြစ်စတင်ခဲ့တဲ့ကုမ္ပဏီဖြစ်သည်။ နောက်ပိုင်းမှာ အမျိုးသမီးဇတ်လိုက်ကို ဆုံးရှုံးခဲ့ရပြီးချိန် မှာ ဒုတိယအမျိုးသားဇတ်လိုက်က သူရဲ့စိတ်တွေ ခွန်အားတွေအားလုံးကိုလုပ်ငန်းမှာမြှပ်နှံခဲ့ပြီး ဒီနေ့ အနုပညာကုမ္ပဏီတွေနယ်ပယ်မှာ ထိပ်တန်း ရောက်လာတဲ့အထိဖြစ်လာစေခဲ့တာဖြစ်သည်။
YOU ARE READING
My Son Might Be A Villain
Ficción General******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, plea...