Chapter 8 - Local Police Station

572 68 1
                                    

ဆုရန်ရဲစခန်းကိုအပြေးအလွှားရောက်လာချိန်မှာသူမ ပထမဆုံးတွေ့လိုက်ရတာ ဆုဟန်ဖြစ်သည်။ သူက ခေါင်းငုံ့ရင်းနံရံမှာမှီပြီးရပ်နေသည်။

လူငယ်လေးကစုတ်ပြဲနေတဲ့အဝတ်တွေနဲ့ဖြစ်ကာသူ့တစ်ကိုယ်လုံးညစ်ပတ်နေကာဆံပင်ကလဲရှုပ်ပွ နေသည်။ သို့သော်လည်း သူ့မျက်နှာပေါ်ကအေးစက်ကာ အကြင်နာမဲ့တဲ့အကြည့်ကတော့အမည်မသိဖခင်ဆီက လာတာလားဒါမှမဟုတ်နှစ်ဘက်လုံးမျိုးရိုးကပါလာတာလားမသိဘဲ သူ့ကသနားစရာ ခွေးငယ်လေးနဲ့လုံး၀ မတူနေပါ။

သူ့ကိုတစ်ယောက်ယောက်ကြည့်နေသလိုခံစားမိတာ ကြောင့်ဆုဟန်ကထိုနေရာကိုလှမ်းကြည့်လိုက်သည်။ ဆုရန်ကိုတွေ့လိုက်တဲ့ခဏမှာပဲသူ့ရဲ့ခေါင်းမာတည်ငြိမ်နေတဲ့မျက်နှာမှာအံ့သြမှုအချို့နဲ့ အနည်းငယ်လှုပ်ခတ် သွားတဲ့အရိပ်အယောင်အချို့ဖြတ်သန်းသွားသည်။ ဒါပေမယ့် သူကအမြန်ထိန်းလိုက်ကာ ခေါင်းကိုပြန်ငုံ့ ထားလိုက်သည်။

"ခင်ဗျားက ဆုဟန်ရဲ့အုပ်ထိန်းသူလား?"

"ဟုတ်ပါတယ်..."

"..မဟုတ်ဘူး..."

မေးခွန်းကို ဆုဟန်နဲ့ဆုရန်ကတစ်ချိန်တည်းမှာ ပြိုင်တူ ဖြေလိုက်သည်။

"သူမကျွန်တော့်အုပ်ထိန်းသူမဟုတ်ဘူး..ဒီမိန်းမကိုအသိအမှတ်မပြုဘူး"

ဆုဟန်ကအေးစက်စွာပြောလိုက်သည်။ သူ့မျက်ဝန်းမှာ အစာမကြေမှုတွေအတိုင်းသားမြင်နေရသည်။

ရဲအရာရှိကဆုဟန်ကိုတစ်ချက်ကြည့်ရင်း

"ဟုတ်တယ်ဆိုတာဖြစ်နိုင်တယ်.."

"အရာရှိကြီး..ရှင်ဖုန်းထဲမှာပြောတဲ့ အငြင်းပွားစရာ အကြောင်းကျွန်မသိပါရစေ..."

ရဲအရာရှိကမပြောရသေးခင်မှာပဲ ဗလတောင့်တောင့်နဲ့ အသက်၅၀လောက်ရှိမယ့်လူကခုန်ထလာပြီး ဆုဟန်ကို လက်ညိုးထိုးလိုက်ကာ

"ဘာအငြင်းပွားတာလဲ? မင်းသားကငါ့ဆိုင်ကပိုက်ဆံကို ခိုးခဲ့တာ..နောက်ပြီးသူပဲအရင်တိုက်ခိုက်ခဲ့တာ"

သို့ပေမယ့် ဟော့ပေ့ါဆိုင်ပိုင်ရှင်ကသူ့ကိုလှည့်ကြည့် လိုက်တဲ့ဆုရန်ကိုတွေ့တော့အနည်းငယ် ကြောင်အန်း သွားသည်။ OMG, တကယ်လို့သူမနဲ့ရဲအရာရှိပြောနေ တာသာမကြားထားရင်သူ သူမကို နာမည်ကြီး အနုပညာရှင်လို့ထင်မိမှာပဲ...

My Son Might Be A VillainWhere stories live. Discover now