တစ်နေ့ခင်းလုံးအနာဂတ်ဗီလိန်အကြီးစားဖြစ်လာမယ့်ဆုဟန်ကိစ္စတွေနဲ့လုံးပန်းနေပြီးနောက်မှာ ဆုရန်က အရေးမပါတဲ့ဇတ်ကောင် ကုကျားဟော်ကိုသတိတောင် မရတော့ပေ။
အခု ဆုဟန်သတိပေးတာကိုကြားတော့မှအလုပ် အမြန် ထွက်လိုက်မိတာကိုဆုရန်အတော် ဝမ်းသာသွားသည်။
မနေ့ညကသူ့ရဲ့အကြီးမားဆုံးလှို့ဝှက်ချက်ပေါက်ကြားသွားပြီးသူမရဲ့ခြိမ်းခြောက်မှုခံလိုက်ရတဲ့ ကုကျားဟော် ကသူမအလုပ်ဆီကိုတစ်ယောက်ယောက်ကိုပို့ပြီးလက်စားချေဖို့ကြိုးစားလောက်သည်။
"စိတ်မပူနဲ့အဲဒိ့လူလက်စားချေချင်ရင်တောင်နည်းလမ်းမရှိစေရဘူး"
ဒီမှာနေတဲ့အိမ်နီးချင်းတွေကသူမအတိတ်ကိုမသိပေ။ သူမကိုသိတဲ့လူတွေကလဲဒီလိုအခြေခံလူတန်းစား ရပ်ကွက်မှာသူမလိမ့်မယ်လို့ဘယ်သူကထင်ကြမှာလဲ။
"တကယ်လား? နောက်ဆိုရင်ရော?"
ဆုဟန်က ဆုရန်စကားကိုသံသယရှိခဲ့သည်မှာထင်ရှား သည်။
"နောက်ပိုင်းလား? သူနဲ့အလွယ်တကူတွေ့လောက် တော့မှာတော့မဟုတ်ပါဘူး"
ဆုရန် ပြန်ဖြေလိုက်သည်။ဒုံရှန်အပိုင်ကိုသူမမသွားသ၍ သူမတို့တည့်တည့်တိုးဖို့ဆိုတာမဖြစ်နိုင်ပါ။
သူမနဲ့ ကုကျားဟော်လိုအရေးမကြီးတဲ့ ဗီလိန်ဇတ်ပို့ လေးတွေအတွက်ဒီဝတ္တုမှာသီးခြားကြီး ဖော်ပြခံရစရာ အကြောင်းတော့မရှိပါ။
ခဏနေတော့တစ်စံတစ်ခုကိုစဉ်းစားမိသွားရင်းသူမက ဆုဟန်ကိုလေးနက်သောမျက်နှာနဲ့ကြည့်လိုက်သည်။
"ဘာလဲ?" ဆုဟန်ကဆုရန်အကြည့်ကြောင့်စိတ်မသက် မသာဖြစ်သွားသည်။
"မနေ့ကအဲဒိ့လူရဲ့ချမ်းသာကြွယ်ဝမှုတစ်ခုထဲကိုမကြည့်နဲ့..သူကလူကောင်းမဟုတ်ဘူး။လူကောင်းဆိုရင် ကလေးတွေကိုအဲလိုနေရာမျိုးကိုမဖိတ်ဘူး။နောက်ဆိုရင်မင်းအဲလိုထူးဆန်းတဲ့ပါတီမျိုးကိုမသွားသင့်ဘူး"
ဆုရန် သူ့ကိုလိမ္မာပါးနပ်ပြီးနူးညံ့သိမ်မွေ့သောအသံဖြင့် ပြောရန်ကြိုးစားခဲ့သည်။
YOU ARE READING
My Son Might Be A Villain
Algemene fictie******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, plea...