Chapter 12 - Song! Yi! An!

813 80 1
                                    

စုန့်!ရီ! အန်း!

အဲဒါဇတ်လိုက်တွေရဲ့အင်အားကြီးမားတဲ့သားနာမည် မဟုတ်ဘူးလား?!

ဆုရန် ကအမျိုးသမီးဇတ်လိုက်မွေးဖွားခဲ့တဲ့အခန်းကို ဝတ္တုထဲမှာဖတ်ဘူးသည်။ သူမကဗီလိန်ဇာတ်ကောင် အနည်းစုနဲ့ပတ်သတ်ကာမွေးရမယ့်အချိန်ထက်စောပြီး ဆေးရုံရောက်သွားခဲ့သည်။ ခက်ခဲတဲ့ မွေးဖွားမှု၊ သွေးထွက်လွန်မှုတွေကြုံခဲ့ရသည်။ အကျဉ်းချုံးရရင် ဇာတ်လိုက်နဲ့ဒုတိယဇာတ်လိုက်ကသေမတက်လန့် သွားခဲ့ကြသည်။

နောက်ဆုံးဇတ်လိုက်မအရှိန်အဝါကြောင့် သူမက အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။ အချစ်ဇာတ်လမ်းရဲ့ အသီးအပွင့်အနေနဲ့ သားလေးနဲ့သမီးလေးအမွှာ ကိုမွေးခဲ့သည်။

စုန့်ရီအန်း နဲ့ စုန့်ရီနင် ဆိုတာအမွှာတွေကိုအမျိုးသား ဇာတ်လိုက်ပေးထားတဲ့နာမည်တွေ။ ဒီနာမည်တွေက သူ့မျှော်လင့်ချက်ဖြစ်တဲ့ သူ့ဇနီးနဲ့ကလေးတွေရဲ့ ဘေးကင်းမှုအေးချမ်းမှုကို ရည်ရွယ်ခဲ့တာဖြစ်သည်။

ဆုရန် ကထိုအပိုင်းကိုဖတ်တုန်းကအရမ်းထိရှ ခံစားခဲ့ ရသည်။

အခုတော့အားလုံးပြောင်းလဲသွားပြီး "စုန့်ရီအန်း" ဆိုတဲ့ နာမည်ကသူမကိုကြောက်ရွံ့စေသည်။

"နည်းပြ?"

"နည်းပြဆု?"

"အိုး!"

စုန့်ရီအန်း ကသူမကိုနှစ်ကြိမ်ခေါ်လိုက်တာက ရေခဲတွင်းထဲသို့ပစ်ချခံရခြင်းကဲ့သို့ခံစားခဲ့ရသည့် ဆုရန် ကိုအသိပြန်ဝင်လာစေသည်။

"ဘာဖြစ်လို့လဲနည်းပြဆု..? နေမကောင်းလို့လား?"

ဆုရန်ရဲ့ရုတ်တရက်ဖြူဖျော့သွားတဲ့ပုံကိုကြည့်ပြီး စုန့်ရီအန်းအနည်းငယ်စိုးရိမ်သွားသည်။

"အိုး..မဟုတ်..မဟုတ်ပါဘူး.. ရာသီဥတုကြောင့် သွေးအားနည်းတက်လို့ပါ..အဟမ်း..ဘာမှမဟုတ်ဘူး"

ဆုရန် ကတွေ့ရာအကြောင်းပြချက်ပေးရင် ငိုတာထက်ဆိုးတဲ့မျက်နှာနဲ့ပြုံးပြလိုက်သည်။

"ကျွန်တော်ဆရာဝန်ခေါ်ပေးရမလား?"

"မလိုဘူး..မလိုဘူး..ရပါတယ်..ဒါဖြစ်နေကျပါ..ခဏ လောက်နားလိုက်ရင်ရပါတယ်..ဟဟ.တကယ်ပါ"

My Son Might Be A VillainWhere stories live. Discover now