Chapter 14 - The Great Devil

666 61 3
                                    

"တော်တယ်! လင်းရှောင်ရှောင်! မင်းသိပ်တော်ပါလား!"

"ဒါရိုက်တာ..ကျွန်မ....."

"အိုး..တော်တော့.!"

ဒါရိုက်တာကျိုးက လင်းရှောင်ရှောင် ကိုဒေါသတကြီး လက်ညိုးနဲ့ထိုးလိုက်ပြီးအော်လိုက်သည်။

"ငါအခုအရေးကြီးကိစ္စတွေရှင်းဖို့သွားမယ်..ငါပြန်လာမှ မင်းနဲ့စာရင်းဆက်ရှင်းမယ်"

"ကျွန်မ..."

လင်းရှောင်ရှောင် ဘာမှမပြောနိုင်ခင်မှာပဲ ဒါရိုက်တာကျိုး ကစားပွဲပေါ်က USBကိုယူလိုက်ပြီးအထွေထွေမန်နေဂျာ ဆီကိုထွက်လာခဲ့သည်။ လင်းရှောင်ရှောင် ကဒီပြသနာ ပမာဏကိုနားမလည်ပေမယ့် ဒါရိုက်တာတစ်ယောက် အနေနဲ့ ကျိုးလင်းရန် ကတော့နားလည်သည်။

သူတို့လိုကုမ္ပဏီကြီးတွေမှာ ဝန်ထမ်အမှားကြောင့် သီချင်းကောင်းတွေကိုလက်လွတ်ခဲ့ရ တာမျိုးတွေရှိ ပေမယ့်သိပ်မများပါ ဒါပေမယ့် တကယ့်ပြသနာက အီးမေးလ်ထဲကနေ ခိုးယူခံရမှုတွေက အမြဲလိုလို ဖြစ်နေ ကျပြသနာဖြစ်သည်။ အခုဒီသီချင်းကပိုဆိုးသည်။ ကုမ္ပဏီတစ်ခုလုံးအထွေထွေမန်နေဂျာထိပါ အသိအမှတ်ပြုခံစားရသည်။

ဒါရိုက်တာကျိုးကအထွေထွေမန်နေဂျာကိုသတင်းပို့ လိုက်သည်။

သေချာစွာပဲ အမြဲတည်ငြိမ်အေးဆေးတက်တဲ့ ချန်အန်း တောင်ဒေါသနဲ့သူ့ကိုကြည့်လာသည်။

"အဲဒါက လင်းရှောင်ရှောင် တစ်ယောက်ထဲအမှားဆိုရင် တောင် သက်ရောက်မှုကအရမ်းကြီးနေပြီ။ မင်း ဌာနက အဲဒိ့ကိစ္စတွေနဲ့ပတ်သတ်ပြီးအစီရင်ခံစာအသေးစိတ် တင်ဖို့ပြင်ထားပါ.."

ချန်အန်း ခဏလောက်ထပ်စဉ်းစားလိုက်သည်။ ချန်အန်း ကကျိုးလင်းရန်တွေးမိတာထက်ကိုပိုမြင်သေးသည်။

"မင်းစောတုန်းကပြောတဲ့ပြသနာရှင်းမယ်ကိစ္စက မဆိုးဘူး..."

မျက်ခုံးတွေတွန့်လိုက်ပြီးချန်အန်းက

"အလုပ်ဖြစ်လောက်တယ်..ဒါပေမယ့်အဲဒိ့ဖျက်ထားတဲ့ အီးမေလ်းကိုပြန်ရဖို့အထက်ကခွင့်ပြုချက်လိုတယ်။ ငါ ဥက္ကဌကိုအကြမ်းဖျဉ်းတင်ပြလိုက်မယ်..ငါ့နောက် လိုက်ခဲ့"

My Son Might Be A VillainWhere stories live. Discover now