နောက်ရက်မှာပြန်လာသင်ဖို့ကတိပေးထားခဲ့ပေမယ့်ကြားမှာ ရှန်ဒင်အနုပညာ ကဖုန်းဝင်လာတာကြောင့် ဆုရန် ကဝူမားကိုဖုန်းဆက်ကာ လာမသင်ပေးနိုင်ကြောင်း အကြောင်းကြားခဲ့ရသည်။
သူတို့ကပုံမှန်အလုပ်တက်ရက်တွေမှာသူမကိုမခေါ်ဘဲတနင်္ဂနွေကြီးကိုသူတို့ရုံးမှာဘာလို့ချိန်းရတာလဲ? တကယ်မကြားဘူးဘူး..။ဆုရန် ကသူမကိုခေါ်ခဲ့တဲ့ ဖုန်းနံပါတ်ကို အင်တာနက်မှာ ပြန်စစ်ကြည့် လိုက် သေးသည်။
"ခင်ဗျားအပြင်သွားမလို့လား?"
ဆိုဖာမှာ တစ်မနက်လုံး ပြင်ဆင်လို့မပြီးနိုင်ဖြစ်နေတဲ့ ဆုရန်ကိုကြည့်ပြီး ဆုဟန်က မမေးဘဲမနေနိုင် ဖြစ်သွား သည်။
"အင်း..ငါတို့အသုံးစရိတ်တွေအတွက်ကြိုးစားရမယ်..မနေ့ညကငါတို့ကျန်တဲ့စားစရာတွေအများကြီးရေခဲသေတ္တာထဲမှာရှိတယ်..မင်းအဲဒါကိုအပူပေးပြီးနေ့လည်စာ စားလိုက်နော်..မင်းအဲဒါတွေကိုမစားချင် ဘူးဆိုရင် ငါ ယွမ် ၂၀၀ စားပွဲပေါ်မှာထားခဲ့တယ်။ အပြင်ကတစ်ခုခု မှာစားလိုက်"
မနေ့ကများစွာကျန်နေတဲ့အစားအသောက်တွေကိုမြင် တော့မှသူမဘယ်လောက်အရူးလိုသုံးဖြုန်းခဲ့လဲ နားလည် သွားမိသည်။ အဲဒါတွေကျန်တာကဒီနေ့ မနက်၊ နေ့လည်၊ ညစာပါစားလို့ရနေသေးသည်။
ဆုရန် ကသူမဝယ်လာတဲ့ကြက်၊ငါး၊ပုဇွန်တွေကို ဘာလုပ်ရမှန်းမသိတာနဲ့နောက်ဆုံး ဒါ့ပေါင်အဖွား ကိုသာပေးလိုက်သည်။
"စန္ဒယားသွားသင်မလို့လား?"
သူ့စိတ်ထဲမှာရောစကားထဲမှာပါမယုံသလိုဖြစ်နေ ပေမယ့် သူကတကယ် ဆုရန်စန္ဒားသင်နိုင်လားဆိုတာ ကိုတော့သိချင်စိတ်ဖြစ်မိသည်။
"အာ..မဟုတ်ဘူး.."
ဆုရန် ပြုံးလိုက်ပြီး
"ငါဒီနေ့မင်းသင်တန်းအချို့တက်လို့ရအောင်ငွေသွားရှာမလို့..!"
ဒါကိုကြားတော့ဆုဟန်မျက်နှာကအေးခဲသွားပြီးမျက်နှာလွှဲသွားလိုက်သည်။
"ဘယ်သူကတက်ချင်တယ်ပြောနေလို့လဲ?" ဆုဟန်က အသံတိုးတိုးနဲ့ပြောလိုက်သည်။
YOU ARE READING
My Son Might Be A Villain
Ficción General******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, plea...