Chapter 16 - No longer be a fan of his!

679 73 6
                                    

ဆုရန် ကဘာလို့ဒီလောက်ကံတွေကောင်းနေလဲလို့ တွေးမိသည်။

သူမကဒီဝတ္တုမှာလူတွေအားလုံးလွန်ခဲ့တဲ့နှစ်များစွာထဲက အမေ့ခံဖြစ်နေတဲ့ ဗီလိန်သာသာပဲ။ အခု သူမဒီကို ရောက်ပြီးဘဝကိုအစကပြန်ကြိုးစားဖို့လုပ်နေခါမှ ဘာလို့အဓိကဇတ်ကောင်တွေ ဘယ်ညာခြံရံပြီး သူမနားပြန်ပေါ်လာကြတာလဲ?

ပထမက..ဇတ်ဆောင်တွေရဲ့သား.. စုန့်ရီအန်း. အခု.. ဒီနေ့ပိတ်ရက်ကြီးမှာတောင်သူမကဒီ ဒုတိယဇတ်လိုက် လုဘိုယောင်းနဲ့တိုးခဲ့ရသည်။

ဆုရန် ကိုစတွေ့လိုက်ရတော့သူမရဲ့ဆွဲဆောင်မှုကြောင့် လုဘိုယောင်း အနည်းငယ်ကြောင်အသွားသည်။ နောက် မှချက်ခြင်းပဲသူမကိုတွေ့ဘူးသလိုခံစားလိုက်ရသည်။

လုဘိုယောင်း မျက်မှောင်ကြုတ်သွားရင်သူ့မှတ်ဉာဏ် ထဲမှာဒီလူကိုပြန်ရှာနေသည်။သိပ်မကြာခင်မှာပဲ ဘယ်သူ ဆိုတာသိသွားပြီးသူ့မျက်နှာကလေးနက်သွားသည်။

"မင်းကိုး..."

ဆုရန်..

ဒီမိန်းမက ၁၀နှစ်လောက်ပျောက်ပြီးအားလုံးတောင် မေ့နေကြပြီ။

ဇတ်လမ်းကိုပဲကျေးဇူးတင်ရမည်။ ဇတ်ပို့ဗီလိန် ဆုရန် ပေါ်လာပြီးအမျိုးသမီးဇတ်ဆောင်ကိုအနိုင်ကျင့် တိုင်း မြင်းစီးသူရဲကောင်းလိုပေါ်လာတက်တဲ့ လုဘိုယောင်း။ သူကအမျိုးသားဇတ်လိုက်လိုထင်ပေါ်ခြင်းမရှိရင်တောင် သူကဇာတ်လိုက်မနားမှာတော့အမြဲရှိတက်သည်။

ဇာတ်လိုက်နှစ်ယောက်ငှက်မောင်နှံလိုချစ်ခင်ပျော်မြူးနေ ချိန်မှာ ဒုတိယဇတ်လိုက် လုဘိုယောင်း က မိန်းကလေး ဗီလိန် ဆုရန်ကို 'ဂရုစိုက်' ဖို့တာဝန်ယူထားသည်။

ဒါကြောင့်ဆုရန်နဲ့ပတ်သတ်ပြီးလုဘိုယောင်းစိတ်ထဲမှာ အမြဲမကောင်းမှုနဲ့အတူဒွန်တွဲရှိပြီးသားဖြစ်သည်။

ဒါတွေက၁၀နှစ်ကျော်ကြာခဲ့ပြီ..ဆုရန်လဲသူ့ရှေ့မှာထပ် ပေါ်မလာတော့။ ဒါပေမယ့်အခုပြန်တွေ့ရ တော့သူမက မပြောင်းလဲသလိုထင်ရသည်။ လုဘိုယောင်း ကသူမ မထင်မရှားနေရာတစ်ခုမှာသေသွား ပြီလို့တောင်ထင်ခဲ့ တာဖြစ်သည်။ဘာပဲဖြစ်ဖြစ်သူကတော့သူမနဲ့ဘာမှဆက်လုပ်စရာမရှိဘူးဆိုရင် တောင်အဲဒိ့စုန့်ဆိုတဲ့လူကတော့ အလွယ်တကူပြီးသွားစေမှာမဟုတ်ဘူး။

My Son Might Be A VillainWhere stories live. Discover now