Chapter 17 - Su Han lackened in the end

625 73 1
                                    

"ကျွန်တော်ကျောင်းသွားတော့မယ်..."

"အိုး..အိုကေ..သေချာဂရုစိုက်သွားပါ..!"

ဆုရန် ကကျောင်းမသွားခင်နှုတ်ဆက်သွားတဲ့ ဆုဟန် ကြောင့်အံ့သြသွားသည်။ သူမတို့အခုရက် အချို့ လောက်အတူနေပြီးပြီဖြစ်ပေမယ့် အခုလိုနှုတ်ဆက်သွား တာကတော့ပထမဆုံးဖြစ်သည်။

ကြည့်ရတာသူအရင်ကအကျင့်မရှိခဲ့ပုံရသည်။ နောက်ပြီး အရင်ကသူကျောင်းသွားချိန်တိုင်းသူ့အမေ ကအိပ်နေ ချိန်သာဖြစ်ခဲ့ပုံရသည်။

"အွန်း.."

သူမပြောတာကြားတော့အံ့သြဟန်နဲ့ ဆုဟန်ပြန်တုန့် ပြန်လိုက်သည်။ သူဖိနပ်စီးပြီးတော့ခဏတုန့်ဆိုင်းနေ သေးသည်။

"ကျွန်တော်ကြက်ဥနှစ်လုံးပြုတ်ထားတယ်..တစ်လုံးယူသွားတယ်..နောက်ကျန်တာအိုးထဲမှာ.. နောက်ပြီး အဲဒိ့မှာ ပေါက်စီတွေရှိတယ်"

သူမကဘာမှမချက်တက်သဖြင့်အပြင်ကအမြဲမှာစားနေတာကျန်းမာရေးနဲ့တော့သိပ်မညီညွတ်တာသူမ နားလည်သည်။ ဒါ့ကြောင့်သူမဖြေရှင်းချက်က ကြက်ဥ၊ ခေါက်ဆွဲ၊ ပေါက်စီတွေကိုရေခဲသေတ္တာထဲမှာ ဝယ်ထည့်ထားတာဖြစ်သည်။

ကြာတော့အကျင့်ဖြစ်လာသလို ဆုဟန်က သူ့အတွက် မနက်စာလုပ်တိုင်းဆုရန်အတွက်ပါလုပ်ပေး တက်သည်။

"အိုး..အိုကေ..ကျေးဇူးပဲ..သားလေး!"

ဆုရန် ကသူမကိုအေးစက်စက်ကြည့်နေတဲ့ ဆုဟန်ကို ပြုံးကာခေါင်းညိတ်ရင်းပြောလိုက်သည်။

ဆုရန်ဆီက "သား" ဆိုတဲ့အသံကိုကြားတော့ဆုဟန် ထူးဆန်းစွာခံစားလိုက်ရသည်။ သူ့နားရွက်ထိပ် တွေ ပူသွားပြီး နီရဲသွားသည်။

"အွန်း..."

"အမ်?" တစ်ခုခုပြောချင်သလိုလုပ်နေတဲ့ဆုဟန် ကို ကြည့်ပြီးဆုရန်ဘာမှမပြောပါ။ သူမကဆုဟန်ကို ပျော်ရွှင်သောမျက်ဝန်းတွေနဲ့ပဲကြည့်နေသည်။ သူမဘယ်လောက်စိတ်ရှည်စွာစောင့်ပါစေဆုဟန်ဆီ ကဘာပြောတာကိုမှမကြားရဘူး။

"ကျွန်တော်သွားပြီ.."

ဆုဟန်ခြောက်ကပ်ကပ်နဲ့ပြောပြီးသူ့အိတ်ကိုယူကာ အပြင်ထွက်သွားလိုက်သည်။

My Son Might Be A VillainWhere stories live. Discover now