Chapter 19 - Real job now

506 73 5
                                    

ဆုရန် ကျောင်းခန်းအပြင်ကိုလျှောက်လာတော့ ဆုဟန် ကသူ့ကျောပိုးအိတ်ကိုပိုက်ပြီ လှေကားကိုမှီကာရပ်နေ တာကိုတွေ့လိုက်ရသည်။

သူကခေါင်းငုံ့ပြီးရပ်နေပေမယ်..အနားကပ်မလာနဲ့ဆိုတဲ့ ကိုယ်ရှိန်ဝါနဲ့သူကချောမောနေဆဲဖြစ်သည်။

ဆုရန် တွက်မိသလောက်တော့အနားကမိန်းကလေး ၇ယောက်လောက်ကသူ့ကိုခိုးကြည့်နေကြသည်။

**ကြည့်ပါလား..ငါ့သားလေးကချောတယ်၊ စာတော် တယ်၊ ရင့်ကျက်တယ်၊ မိဘကိုလဲသိတက်တယ်..မူရင်း ဝတ္တုရေးဆရာကဘယ်လောက်ကန်းနေလို့ဒီလိုပြည့်စုံတဲ့ကလေးကိုဗီလိန်ဖြစ်စေခဲ့ရတာလဲ?**

ထိုခဏမှာပဲ ဆုဟန်ခေါင်းမော့လိုက်တော့ဆုရန်ကို တွေ့သွားသည်။

"ဘယ်လိုရောက်လာတာလဲ?"

ဆုဟန်ကမျက်နှာလွှဲရင်းမေးလိုက်သည်။ မကျေမနပ် အကြည့်နဲ့မကြည်သာနဲ့အသံနဲ့ဖြစ်သည်။သူ့မျက်ဝန်း ကအလင်းရောင်နဲ့သူ့နှုတ်ခမ်းကော့တက်သွားတာကိုသာမမြင်မိဘူးဆိုရင်ဆုရန်ကသူမ သားကသူမကို တကယ်ရွံရှာမုန်းတီးနေတယ်ထင်မိလိမ့်မည်။

ကလေးတွေတောင်သူတို့အတ္တကိုထိန်းသိမ်းချင်သေး တာဆိုတေ့ာဆုရန်မသိချင်ယောင်ဆောင်လိုက်သည်။

"ဆရာမကဒီနေ့ငါ့ကိုဖုန်းဆက်ပြီးပြောလို့..သူမက အရေးကြီးတယ်ဆိုလို့လာလိုက်တာ"

ဆုရန် ကဆုဟန်ကိုပြုံးကြည့်ရင်းပြောလိုက်သည်။

"ငါဆရာမနဲ့စကားပြောနေတာ..? အကြာကြီး စောင့်လိုက်ရလား?"

ဆုရန်မေးတာတွေကိုဆုဟန်ကခေါင်းမာစွာမျက်နှာလွဲှ ထားရင်း

"ဘယ်သူကစောင့်နေလို့လဲ?"

"အိုး? အဲလိုလား? ဒါဆိုမင်းင့ါကိုစောင့်နေတာမဟုတ်ဘူး ပေါ့.."

ဆုရန် ကစိတ်ပျက်သွားသလိုအသံနဲ့မေးလိုက်သည်။

"ကောင်းပြီ..ဒါဆိုဘယ်သူ့ကိုလဲ? ကောင်မလေးကို လား?"

"ဘာကောင်မလေးလဲ? တစ်ယောက်မှမရှိဘူး.. အဓိပ္ပါယ်မရှိတာတွေတော်တော့"

"ဒါဆို?"

သူ့သားပျာယာခတ်ပြီးရှင်းပြမလိုလုပ်နေတဲ့ပုံကိုကြည့် ရင်း ဆုရန်မရယ်မိအောင်ကြိုးစားလိုက်ကာ

My Son Might Be A VillainWhere stories live. Discover now