Chapter 20 - Are all women so troublesome?

256 27 0
                                    

သူတို့ ယွီလော့လော့စတူဒီယို ကထွက်လာတော့ ဆုဟန်မျက်နှာမှာအံ့သြမှုတွေအထင်းသားပေါ်နေသည်။

သူမကသူ့ကိုတကယ်မညာခဲ့ဘူးပေါ့..သူမကတကယ်တရားဝင်အလုပ်စကားပြောခဲ့တာပေါ့။

ပြောရမယ်ဆိုရင် သူမကသီချင်းတစ်ပုဒ်ကို ယွမ်၂ သိန်းနဲ့ရောင်းခဲ့တယ်! နောက်ပြီးသူတို့ထပ်ပြော နေတဲ့စကားအရဆို သီချင်းတွေထပ်ရေးပေးအုန်းမယ် ဆိုတော့?

ဒါ ၁၃နှစ်ကြာပြီးနောက်မှာ ဆုဟန်ကမ္ဘာမှာအမြင်သစ် တစ်ခုကိုဖြစ်ပွားစေခဲ့သည်။

"ဘာလို့အူတူတူကြည့်နေတာလဲ?"

ဆုဟန်သူမကိုကြောင်ငေးကြည့်နေတာကိုကြည့်ပြီးသူ ဘာတွေးနေလဲမသိတော့ ဆုရန်သူ့ခေါင်းကို ဖွဖွပုတ်ပြီး မေးလိုက်သည်။

"ဘာမှမဟုတ်ဘူး..."

**ကောင်းပြီ..ပြန်ဖြေမယ်မထင်ထားပါဘူး...**

"အိုကေ..သွားစို့..."

"ဘယ်ကိုလဲ? အိမ်မပြန်ဘူးလား?"

ဆုရန်ကသူတို့အိမ်နဲ့မတူတဲ့လမ်းဘက်ကိုသွားဖို့ပြင် တော့ ဆုဟန်က နားမလည်စွာမေးလိုက်သည်။

"ငါ့တို့မှာငွေရလာပြီလေ...အောင်ပွဲခံကြစို့..သွားမယ်..အဝတ်အစားသစ်တွေသွားဝယ်မယ်"

ဆုရန် ကတက်ကြွကျယ်လောင်စွာပြောလိုက်သည်။

"အဝတ်အစားဝယ်ဖို့? ကျွန်တော့်ဖို့လား?"

ဆုဟန်ခဏလောက်တုန့်ဆိုင်းဆိုင်းလုပ်ပြီးမေးလိုက် သည်။

"အင်း..."

ဆုရန် ကခေါင်းညိတ်ရင်းပျော်ရွှင်တဲ့မျက်ဝန်းတွေနဲ့ ဆုဟန်ကိုကြည့်လိုက်သည်။

သူမက Taobao ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကရှာခဲ့ သည်။ ဆုဟန်အရွယ်ကလေးအကျီတွေအများကြီး တွေ့ထားသည်။ ကြည့်လို့ကောင်းသည်။ အခုပိုက်ဆံရ မှတော့သွားဝယ်ရမှာပေ့ါ။ သူမသား အတွက်ကောင်းတဲ့ တံဆိပ်တွေဝယ်ဖို့ပိုက်ဆံရှိလာပြီ။ ဟီဟီ..

ဆုဟန်ကချောပြီးသား အဲဒိ့အကျီအသစ်တွေဝတ်လိုက် ရင်သူဘယ်လိုပုံဖြစ်လာမလဲဆိုတာဆုရန်သိချင်သည်။ သူကပန်းချီကားထဲကထွက်လာတဲ့လူလိုပြည့်စုံတဲ့ လူချောလေးဖြစ်သွားမလား။

My Son Might Be A VillainWhere stories live. Discover now