"ကျွန်တော်ကျောင်းဝတ်စုံပြန်လဲသင့်တယ်ထင်တယ်.."
ဆုဟန်ကအာရုံစိုက်ခံရတာမကြိုက်ပုံနဲ့ပြောလိုက်သည်။
"ဟင့်အင်း..ဒါပဲဝတ်ထား..."
ဆုရန် သူ့ကိုတားလိုက်ပြီး
"ငါတို့အပြင်မှာညစာစားမလား!"
"ဘာလို့အပြင်မှာစားမှာလဲ? ကျွန်တော်တို့အဝတ်တွေ အများကြီးဝယ်ထားပြီးပြီ... ခင်ဗျားငွေတိုးချေးထားတဲ့ လူတွေကိုပိုက်ဆံပြန်ဆက်ရအုန်းမှာမဟုတ်ဘူးလား?"
ဆုဟန်သူမကိုသတိပေးလိုက်သည်။ ဆုရန်လက်ထဲမှာ ပိုက်ဆံတွေရှိနေပြီဆိုပေမယ့် ဆုဟန်က စိတ်ပူနေဆဲ ဖြစ်သည်။ ဘာလို့လဲဆိုရင်သူမကငွေသုံးတာအရမ်းကို မြန်လွန်းတာမို့ဖြစ်သည်။
ရုတ်တရက် ဆုဟန်ကဒီလိုတာဝန်ယူမှုမရှိတဲ့မိဘရှိတာ ကို စိတ်ဖိစီးသလိုခံစားမိသည်။
"ငါတို့ပြောနေတာကမတူတဲ့ခေါင်းစဉ်ဖြစ်သွားပြီ။ ငါတို့ အဝတ်တွေဝယ်တာက ငါတို့ထပ်ပြီးဆင်းရဲမနေတော့ လို့...ဒီအပြင်မှာညစာစားတာက ငါ့သားက နှစ်လယ် စာမေးပွဲမှာ အတန်းထဲမှာ အဆင့် ၁ ရလို့လေ.."
"ခင်ဗျား..."
ဆုဟန်ကအံ့သြသောမျက်နှာပြူးကျယ်သောမျက်လုံးနဲ့ဆုရန်ကိုကြည့်နေသည်။ဒီမိန်းမဒီလိုအဆင့်တွေကိုစိတ်ထဲမထားဘူးလို့သူထင်ခဲ့တာ..။ အံ့သြစရာပဲ...
သူ့မျက်လုံးထဲမှာတစ်ခုခုဝင်သွားသလိုမသက်မသာ ခံစားလိုက်ရတာမို့သူမျက်နှာကိုတစ်ဖက်ကိုအမြန်လွှဲ လိုက်သည်။
"ဒါနှစ်လယ်စာမေးပွဲလေးပဲ..ဘာမှအထူးတလှယ်မဟုတ်ဘူး..." ဆုဟန်ပြောလိုက်သည်။
"မင်းကအောင်ပွဲမလုပ်ချင်ဘူးလား?"
ဆုရန် ကနဲနဲအားလျော့နေသလိုအသံနဲ့မေးလိုက် သည်။ ဒီကောင်လေးအကြောင်းသူမတော်တော် သိနေပြီလို့ပြောရမယ်။
"အဲလိုမပြောဘူး..."
"ကောင်းပြီ..ဒါဆိုသွားစို့....အမေ...အစောကြီးထဲကကြိုမှာထားပြီးသား"
ဆုရန် ကဆရာ-မိဘ စုံညီပွဲမှာထဲက မှာထားပြီးသား။ သူမအဲဒိ့တုန်းကဟော့ပေါ့ရိုးရိုးသာမှာထား ပေမယ့်အခု ပိုက်ဆံရလာတော့ ပင်လယ်စာထပ်တိုးမှာထားသည်။

YOU ARE READING
My Son Might Be A Villain
General Fiction******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, plea...