Part-46 စစ်ရေးဗျုဟာ/စစ္ေရးဗ်ဳဟာ

5.2K 705 3
                                    

Unicode

ချင်းလန်ရင်းတစ်ယောက် လျောင်ဘုရင်၏ နန်းဆောင်သို့ ရင်ပူပူဖြင့်သာ လှမ်းလာခဲ့မိသည်။

ယခုအချိန် လျောင်ဘုရင်မှာ သူ၏ပေါ့လျော့မှုတို့ကြောင့် ဖူးယာပျောက်ဆုံးသွားခဲ့သည့် ကိစ္စကြီးအပေါ်တွင် မျှော်လင့်ချက်များ ပျက်သုန်းသွားလေသည့် ခံစားချက်မျိုးဖြင့်ဘဲ သူ့အား စိတ်ပျက်လျှက် အဆိုးဆုံး အပစ်တင်သည့် စိတ်မျိုးပါ ဝင်နေနိုင်သည်။သူ၏အပေါ်၌ ယုံကြည်မှုများပါ ပျောက်ဆုံးနေနိုင်သည်။

ချင်းလန်ရင်းခမျာ ဖူးယာကို စတင်ကာ မြတ်နိုးခဲ့ရသည့် အချိန်တစ်ခုက စတင်လို့ ဖူးယာနှင့်ပတ်သက်နေခဲ့သည့် ဖူးယာကို ချစ်မြတ်နိုးပေးကြသည့် လူတိုင်း၏အပေါ်၌ စေတနာများ သွန်းဖြိုးကာ အပြုအမူများကအစ အလေးနတ်ထားရင်း သတိကြီးကြီးဖြင့်လည်း ဂရုတစိုက် ပြုမူနေတက်ခဲ့သည်ကို။

ထိုကဲ့သို့ ဆက်ဆံပေးခဲ့ရသည့် လူအများအကြား ဖူးယာ၏ ခမည်းတော်နှင့် မယ်တော်ကသာ အဓိကနေရာတွင် ပါဝင်ခဲ့သည်။သို့သော် ယခုတစ်ခေါက် ရှုဖုန်းကို မြှားထုတ်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖူးယာကို လင်းရာဘုံကျောင်းသို့ တမင်ပို့ဆောင်ပေးခဲ့သည့် သူ၏အကြံအစည်သည်ကား အမှန်တကယ်ပင် ရူးမိုက်လွန်းရာ ကျခဲ့ချေပြီ။

သူ့ဘဝ၏ တစ်ခုတည်းသော အသက်ဆက် သွေးကြောလေးကဲ့သို့ ဖူးယာကို ဆုံးရှုံးရလုလု အခြေအနေမျိုးအထိပင် ဆိုက်ရောက်နေခဲ့ပြီ မဟုတ်ပါလား။

ထို့ကြောင့်လည်း ချင်းလန်ရင်း၏ ယခု စိတ်အခြေအနေသည်ကား လျောင်ဘုရင် မပြောပါနှင့် သူ့ကိုယ်သူကိုပင်လျှင် ယူကျူံးမရနှင့် အပစ်တင်လျှက် စိတ်ပျက်နေသည်။ဤသို့ဖြင့် လျောင်ဘုရင်၏ နန်းဆောင်အရှေ့ကို ဆိုက်ရောက်လာခဲ့တော့ အသင့်ရပ်နေခဲ့ကြသည့် အထိန်းတော်များစွာထဲမှ ထိပ်ဆုံးက ကုန်းကုန်းတစ်ဦးကဘဲ သူရောက်ရှိကြောင်းကို လျောင်ဘုရင်ထံသို့ လျှောက်တင်ပေးသည်။

"အရှင်မင်းကြီး...အရှင်ချင်းလန်ရင်း ဆိုက်ရောက်ကြောင်းပါ...''

"ကောင်းပြီ...ဝင်လာခိုင်းလိုက်ပါ...''

"ဟုတ်ကဲ့...အရှင်ချင်းလန်ရင်း ဝင်သွားလိုက်ပါ''

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora