နှလုံးသားရပ်​၀န်း - ဇာတ်​လမ်းတို
234 9 1
နှလုံးသားရပ်​၀န်း
....................... One Short
                                တန်​ဆာဆင်​တယ်​ဆိုတာ လှဖို့အတွက်​ပဲ​လေ။
                                ပြုံးတယ်​ဆိုတာ​ကော လှဖို့အတွက်​ပဲမဟုတ်​လား။
                                ကျွန်​​တော်​ တန်​ဆာဆင်​ထားတယ်​။
                                ကျွန်​​တော်​ ပြုံးလည်းပြုံးထားမိတယ်​။
                                အများအမြင်​မှာ​တော့ ကျွန်​​တော်​ဟာ အ​တော်​လှ​နေပြီ​ပေါ့။
                                ဟင့်​အင်း ! ကျွန်​​တော်​မလှပါဘူး။
                                ကျွန်​​တော်​ဟာ အလွန်​အကျဉ်းတန်​ရုပ်​ဆိုးတယ်​။
                                ဒီလို​ပြောရင်​​တော့ ကျွန်​​တော့်​ကို လူတိုင်းက အရူးလို့်ဆို​ကောင်း
ဆိုနိုင်​တယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​ ကိုယ်​တိုင်​လည်းစိတ်​မနှံ့တဲ့ အရူးတစ်​​ယောက်​ဖြစ်​​ကောင်းဖြစ်​နိုင်​တာပဲ​လေ မဟုတ်​လား.....!
''​ငွေ့​ရေ.... ဧည့်​သည်​.....´´
ဆုံစွာကြည့်​မိသည်​။ ပြီးလျှင်​​ကောင်​​လေးအား ​ခေါင်းညိတ်​ပြသည်​။ ​ကောင်​​လေး
မှာ​ ​ငွေ့၏တုန့်​ပြန်​မှုကိုနားလည်​သ​လိုနှင့်​ ​ငွေ့အားပြုံးပြလျှက်​ ​နေရာမှ လှည့်​ပြန်​ထွက်​သွားချိန်​တွင်​ ​ငွေ့သည်​ လက်​ကြားတွင်​ညှပ်​ထားသည့်​ ​စီးကရက်​ကိုသာ တ
စိုက်​မတ်​မတ်​ရှူရှိုက်​ကာ ညမီး​ရောင်​တို့ စုံညီစွာလင်းလက်​​နေပြီး ​ငွေ့၏ မျက်​လုံး​အောက်​တွင်​ ရှိ​နေသည့်​ ထို CLUB အား​သေချာစွာ​ခေါင်းငုံ့ကြည့်​​နေမိသည်​။                 
''အချစ်​ဆိုတာ နီးခြင်း​ဝေးခြင်းထက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ ယုံယုံကြည်​ကြည်​ချစ်​​နေဖို့ပဲ လိုတာ တ​ယောရ......´´
''အချစ်​စစ်​အချစ်​မှန်​ဆိုတာ ဘယ်​​သောအခါမှ အိုမင်းရင့်​​ရော်​သွားတယ်​ဆိုတာမရှိ
အမြဲတမ်းနုပျိုလန်းဆန်း​နေတတ်​တာ တ​ယောမသိဘူးလား.....´´
တစိပ်​တ​ပိုင်းပါ​နေသည်​။ ​ငွေ့ပြုံးလိုက်​သည့်​ အပြုံးမှာ တမင်​ပင်​ နှုတ်​ခမ်းသား တစ်
စုံကို ရွဲ့မဲ့ပြီး ပြုံးလိုက်​ခြင်းဖြစ်​သည်​။
နှလုံးသားရပ်​၀န်း ( နှလုံးသာရပ်ဝန်း ) CompleteWhere stories live. Discover now