Epi <39> - Destiny destories

2K 117 2
                                    

[Unicode]

တစ်ကိုယ်လုံးကိုင်ရိုက်ထားရသလို နာကျင်နေပြီး
နိုးထလာရကာ လက်တစ်ဖတ်နှင့်အခြားနေရာကို
ပွတ်သပ်ကြည့်တော့ ချောမွတ်နေတဲ့ အိပ်ယာခင်း ။
အနည်းငယ်မျက်လုံးဖွင့်ကာ ထထိုင်လိုက်ပြီး နာကျင်မှု
တို့ကိုလျစ်လျူရှုကာ ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်မိသည် ။

" မောင့်အချစ်က နိုးနေပြီလား "

ခုမှ ရေချိုးပြီးကာစဖြစ်တဲ့မောင်က Bathrobe နဲ့
ခေါင်းကိုရေသုတ်ရင်းထွက်လာသည် ။ ပါးပြင်နုနုပေါ်
ခပ်ဖွဖွနမ်းရင်း ညှပ်ရိုးလေးပေါ်ပါ ထပ်မံနမ်းရှိုက်လေတော့
မောင်သုံးတဲ့ဆပ်ပြာရနံ့က နှာခေါင်းထဲတိုးဝင်လာ၏ ။

" ညကမောင်လည်းပင်ပန်းသွားတာ ... အင်္ကျီပြန်မဝတ်ပေးလိုက်ရဘူး ဟီးဟီး "

အပြုံးမမည်သော အပြုံးနဲ့ပြောဆိုလာသူမောင့်ကြောင့်
မိမိကိုယ်ကိုငုံ့ကြည့်မိသည် ။ အကုန်နေရာစုံ ရစရာမရှိ ၊
အနီကွက်တွေ အချို့ဆိုခရမ်းပုပ်ရောင်တောင် ပြောင်းနေပြီး
စောင်ဖြူဖြူက ထိုင်နေတဲ့ထယ်ယောင်းရဲ့ ဝမ်းဗိုက်ကိုသာ
ဖုံးအုပ်ထားသည် ။ ပြူးကြယ်လာသောမျက်လုံးနှင့်အတူ
ပါးပြင်တို့နီရဲပြီး စောင်ကိုရင်ဘတ်အထိ အလျင်အမြန်
ဆွဲတင်လိုက်သည် ။ မသိရင် ... ဇာတ်ကားတွေထဲက
ရှက်နေတဲ့မင်းသမီးလေးလိုပေမယ့် ထယ်ယောင်း ဟာ
တကယ်လည်းအမြဲရှက်နေတတ်သူ ။ ဘယ်အချိန် ဘယ်အခါဖြစ်ဖြစ်သူ့မောင်တော့ အရှက်မရှိသူကြီးပေါ့ ။

" ဟားဟား ကြည့်လို့လှပါတယ် ဘာလို့စောင်ခြုံလိုက်တာလဲ "

" အာ ... မင်းဒီလောက်နှာဘူးထ တော်ရောပေါ့ "

ဘေးက ပိုလျံနေသည့်ခေါင်းအုံးကိုယူကာ မှန်းမိမှန်းရာ
မောင့်ကိုကောက်ပေါက်လိုက်သည် ။ ဒါပေမယ့် ... ခေါင်းအုံးဖြူဖြူက မြှောက်ထားတဲ့မောင့်လက်ထဲမှာ
တန်းလန်းလန်း ။ တဖြည်းဖြည်းမောင်က သူ့နားကပ်လာပြီး
ခေါင်းအုံးကိုဘေးမှာချကာ သူ့နှာခေါင်းနှင့်ကိုယ့်နှာခေါင်းကို
မထိတထိကပ်ပြီး ကျီစယ်သည် ။ ဘာလဲ ... လူကို
အနေခက်အောင် ၊ ရှက်တယ် ။

" မောင့်ကိုခေါင်းအုံးနဲ့ပေါက်တယ်ပေါ့လေ ... အပြစ်ပေးရမယ် "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now