Epi <40> - I'm guilty

2K 123 0
                                    

[Unicode]

ပူစပ်နေတဲ့ မျက်လုံးအစုံနဲ့အတူ မောဟိုက်လျက်ရှိပြီး
ရင်ဘတ်ထဲကအောင့်သက်မှုနဲအတူ မနက်ခင်းကို
နိုးထလာရသည် ။ ပတ်ဝန်းကျင်ဟာ မောင့်ရုံးခန်းထဲမှာပင် ။
နေရောင်တို့က မောင့်မှန်းခန်းထဲက ထိခိုက်ခြစ်ရာလေး
တစ်ခုတောင်မရှိတဲ့ မှန်တံခါးချပ်ကြီးတို့ကတစ်ဆင့်ဖြတ်၍
ကြမ်းပြင်ပေါ်ဝယ် ခွေခေါက်ကာအိပ်နေသူ အနှီကောင်ငယ်လေးအား ဆလိုက်မီးထိုးပေးထားသလို ။
ဝရန်တာရှိ အပင်ငယ်လေးတို့ကစိမ်းစိုပြီးနေရောင်အောက်မှာ
လှပနေပေမယ့် ထယ်ယောင်းအတွက် ရင်ထဲကအစိုင်အခဲ
ကြီးတစ်ခုကြောင့် အကျည်းတန်စရာတစ်ခုအဖြစ်
ရှိနေသည် ။

ကြမ်းပြင်ပေါ်မှာအိပ်ပျော်သွားတာမို့ ကိုယ်လက်တို့ကိုက်ခဲပြီး
တစ်ကိုယ်လုံးကိုင်ရိုက်ထားသယောင် ။ ထောက်ထားတဲ့
လက်တစ်ဖတ်ဘေးက စာရွက်တို့ကိုမြင်တော့
ရင်ဘတ်ထဲကစူးစူးဝါးဝါးအောင့်တက်သွားခဲ့သည်မှာ
ဝတ်ထားတဲ့ အပြာနုရောင်ရုပ်အင်္ကျီစလေးကို ခပ်ကြမ်းကြမ်း
ဆွဲကိုင်မိတဲ့အထိ ။ အိပ်နေတဲ့အချိန်လေးမှာ ခဏတာ
မေ့မေ့ပျောက်ပျောက်ရှိသွားပေမယ့် ဒါကသူ့အတွက်
တစ်သက်လုံးဒုက္ခပေးနိုင်တဲ့အရာပဲ ။ အတိတ်အရာတို့က
ပြန်ပြီး ပြင်ဆင်နိုင်တော့တာလည်း မဟုတ်ပါလေ ။

ခပ်အေးအေး သီချင်းညည်းသံနှင့်အတူ စားပွဲခုံပေါ်က
ထယ်ယောင်း ရဲ့ဖုန်းလေးထမြည်လာခဲ့သည် ။ ခုံကို
အမှီပြုကာ မတ်တပ်ထရပ်ပြီး ဖုန်းယူကြည့်တော့
အမည်မသိဖုန်းနံပါတ် ။ Answer Key ကိုနှိပ်လိုက်ပေမယ့် မျက်ရည်ရွှဲရွှဲတို့ကို သုတ်ထားသည့်
လက်ကြောင့် Screen ကကောင်းကောင်း
အလုပ်မလုပ်ဘူးထင်ပါရဲ့ ။ မောင့်ကွန်ပျူတာဘေးက
တစ်ရှူးဘောက်ထဲက တစ်ရွက်ထုတ်ကာ လက်သုတ်ပြီး
ဖုန်းကိုင်လိုက်သည် ။

" ဟယ်လို ... ကင်မ်ထယ်ယောင်း အာ ... ဂျွန်ထယ်ယောင်း
လားမသိဘူး ?? "

အသက်ခပ်ငယ်ငယ်မိန်းမတစ်ယောက်ရဲ့ ခပ်စူးစူးအသံက
ထွက်ပေါ်လာသည် ။ ပြန်ဖြေချင်သော်ငြား တစ်ညလုံး
ငိုခဲ့တဲ့ဒဏ်က ထယ်ယောင်း ချက်ချင်းစကားမပြောနိုင် ။
ဖုန်းကိုဘေးနားခဏခွာပြီး ချောင်းတစ်ချက်နှစ်ချက်ခန့်
ဟန့်လိုက်ပြီးမှ

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now