Chapter 3 ( The Sixth and The Seventh )

619 101 82
                                    

.............." Who will be chosen?..................

Earphones ကနေထွက်ပေါ်နေတဲ့သီချင်းက
Lil' Eddie ရဲ့ Statue.......

သံစဉ်ငြိမ့်ငြိမ့်လေးတွေကြားမှာ စီးမျောရင်းနှင့် ပြတင်းပေါက်ကို ခေါင်းမှီထားကာ အပြင်ကိုငေးကြည့်နေမိသည်။

သီချင်း၏ စာသားလှလှတို့နှင့် သံစဉ်တို့က နားထောင်သူ၏နှလုံးသားကို ပျော့ပျောင်းစေသည်။

ချစ်ရသောချစ်သူကောင်မလေးကို ရည်ညွှန်းပြီး သီဆိုထားသော အဆွိတစ်လိုင်းသီချင်းဖြစ်တာကြောင့် သူလိုရည်းစားမရှိ‌သောလူနှင့်တော့လားလားမျှ မသက်ဆိုင်ပါချေ။

သို့သော်...........

~~~~ I'm like a statue~~~~
~~~~~ stuck staring right at you~~~~~

ဆိုသော စာသားကိုကြားလိုက်ရတိုင်းမှာတော့ တစ်စုံတစ်ယောက်ကို သတိရမိပါသည်။

.....အင်း........
သူလည်း ငေးကြည့်နေဖူးပါသည်....

ကျောက်ရုပ်တစ်ခုလိုပဲ......

Coffee ဆိုင်လေးရဲ့ ထောင့်ကျတဲ့နေရာလေးကနေ.........

တစ်စုံတစ်ယောက်ကို........

အခုတော့.....
နီးတောင်မနီးလိုက်ရပဲ ဝေးကွာသွားခဲ့ရပြီ

Coffe ဆိုင်၏ထောင့်စားပွဲမှစခဲ့သော ဇာတ်လမ်းလေးကို ပြန်လည်တွေးရင်း နှုတ်ခမ်းတို့ကိုအနည်းငယ်တွန့်ကွေးကာ ပြုံးမိလိုက်သည်။

သို့သော်...... အပြုံးတို့က ကြာကြာမခံလိုက်ပေ။

နောက်ထပ်တစ်စုံတစ်ယောက်၏ အကြောင်းကိုတွေးမိပြီး မျက်နှာကချက်ချင်းတည်သွားသည်။

သူ...........

မနက်ဖြန် ချစ်ရပါသော မာမီမားသားရဲ့မွေးနေ့ဆိုတော့ ပါတီမှာ သေချာ‌ပေါက် ဟိုသားအမိကိုဖိတ်မှာပေါ့.......

စိတ်ညစ်လိုက်တာ...

မတွေ့ချင်ဘူး
နည်းနည်းလေးမှကောင်းကျိုးမပေးတဲ့လူ

ပါတီမလုပ်ပဲနဲ့ မိသားစု စားပွဲလေးပဲလုပ်ကြရအောင်လို့ပြောတာလဲ လက်မခံဘူး

ဘယ်ဘဝကကုသိုလ်ကံတွေကြောင့်များ အဲ့ဒီလူနဲ့ ရေစက်လာဆုံနေရတာလည်းနော်

The Seven Donde viven las historias. Descúbrelo ahora