နိုးထလာရတဲ့.. မနက်ခင်းဟာ ခါတိုင်း ရက်တွေနဲ့မတူ ပူလောင်လွန်းလှရဲ့..
မဟုတ်ဘူး နာကျင်လွန်းလှရဲ့...
သူမအတွက် အချစ်တွေရှိမနေပါပဲ...သူလက်ထပ်ခဲ့တယ် '' လိုအပ်လို့ " တဲ့...။
သူမအတွက် ရင်ခုန်ခြင်းတွေမရှိပါပဲ....သူ နမ်းလာခဲ့ပြန်တယ် " လိုအပ်လို့ '' တဲ့...။
အခုလဲ...
သူမအတွက် အချစ်တွေရှိမနေပါပဲ....ချစ်တယ် လို့ ဖွင့်ပြောလာပြန်ရဲ့' လိုအပ်လို့ပဲ မဟုတ်လား အကို '
အပြင်ကို ငေးကြည့်ရင်း ပေါက်ခနဲ့ ကျလာတဲ့ မျက်ရည်တွေ....
'' နိုးနေပြီလား ချာတိတ် "
ပြတင်းတံခါး မက်တပ်ရပ်နေတဲ့ သူမ ကို..
အနောက်ကနေသိုင်းဖတ်ရင်း.. နား အနားကပ်ကာ သူဆိုလာတယ်....
ဒီအထိတွေ့......
ဒီအပြုမူတွေဟာ...
လိုအပ်လို့ ဆိုတာ သူမသိလာလေ...
မလိုအပ်တဲ့တနေ့ စွန့်ပစ်ခံရမယ်ဆိုတာ ကြိုတွေးထားဖို့ လိုလာပြ်ိီမဟုတ်လား...ဒါတောင်...အနီးကပ်ထိတွေ့ခြင်းမှာ...
ခပ်ဖွဖွ သူနမ်းလာတဲ့ သူမ ပါးပေါ်က အနမ်းတွေအပေါ် စိတ်လှုပ်ရှားနေမိသေးတယ်..
သူနဲ့ ခပ်ဝေးဝေးနေမှ ဖြစ်မယ်...
သူမ တကယ်ကြီး ချစ်မိသွားလို့ မဖြစ်...'' ညီမ ရေချိူးလိုက်အုန်းမယ် အကို ''
ချာကနဲ လှည့်ထွက်လာတဲ့ သူမလက်ကို လှမ်းဆွဲကာ မျက်နှာချင်းဆိုင်အနေအထား နဲ့ သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်ပြီး
'' ဘာကိစ္စရှိလဲ ချာတိတ် ကိုယ့်ကို ပြောပြလို့ရပါတယ် "
'' ဘာကိုလဲ အကို "
သူမ ပါးပြင်ပေါ် သူ့လက်ချောင်းခပ်ရှည်ရှည်တွေနဲ့ ပွတ်ဆွဲလိုက်ပြီးမှ..
'' ဒီပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်တွေကို "
'' ဟင် ''
'' ကိုယ့်ကို မမြင်စေချင် မသိစေချင်ရင်လဲ ကွယ်ရာအဝေးမှာဖြစ်ဖြစ်သွားငိုရောပေါ့ကွာ အခုတော့ မင်းမျက်ရည်တွေကို ဘယ်လိုကျော်သွားမလဲ "
'' အ ဟွန်း ညီမ ဒီနေရာမှာ မနေချင်တော့ဘူး အကို အေးစက်တဲ့နှလုံးသားနဲ့ အကို့နားနေရတာ မနွေးထွေးဘူး "
ВЫ ЧИТАЕТЕ
ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed)
Детектив / Триллерမချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...သူများဆီမှာ ခံလာရခဲ့ရရင် ကိုယ်ရှေ့မျက်ရည်မကျနဲ့...ချာတိတ် " မင်းတိမ်...