အခန်း ၁။ သူမကို ဆုံးရှုံးလိုက်ရတဲ့နေ့အထိ - ကိုယ်ရေးအတ္ထိုပ္ပတိ အစပိုင်း

914 73 2
                                    

Unicode
" ငါပျောက်ကွယ်သွားတဲ့နေ့ " - ဂေလ်ဘတ် ဖက်မှ အမြင်။

ငါ့ကိုယ်ငါ ဉာဏ်ပညာရှိတဲ့သူလို့ ထင်ခဲ့တာ။

ငါ အထင်မှားခဲ့တာပဲ။

အမှန်တကယ်တော့ ငါက အခြားသူတွေရဲ့ ဉာဏ်ပညာတွေကို ငါ့ခေါင်းထဲ သိပ်ထည့်ဖို့ပဲ အပြင်းအထန် ကြိုးစားခဲ့မိတယ်။ တကယ်က အရွယ်ရောက်ဖို့မေ့နေတဲ့၊ ကလေးဆန်ပြီး ရူးမိုက်တဲ့ လူတစ်ယောက်သာ။

" မတွေ့ရတာကြာလှပြီ၊ မြို့စားကြီး"

အမျိုးသမီးဆန်ဆန် ယဉ်ကျေးသိမ်မွေ့စွာ
နှုတ်ဆက် ဂါရဝပြုလိုက်တဲ့သူကတော့ ဘရမ့်ထ်မြို့ရဲ့ သခင်မလေး အန်နေမာရီပဲ ဖြစ်တယ်။

ကျွန်တော့် အကို ဘုရင်ဒီအောန်က သူမဖခင်၊ဝန်ကြီးချုပ် အပေါ်မှာ အပြည့်အဝ ယုံကြည်တယ်ဆိုတဲ့ အချက်ကို
လည်း လူတိုင်းသိကြတယ်။

အဲအချက်ကြောင့်လည်း သူမဟာ သင့်တော်သော လက်တွဲဖော်တစ်ယောက် ဖြစ်ပြီး သူမ ငယ်စဉ်ကတည်းက ဒါကိုကောင်းကောင်းသိပြီးသားလေ။

သတ်မှတ်ချိန်ထက် ကျော်နေပြီး ဖြစ်ပေမဲ့
ဒီအောန်က နောက်ဆုံးတော့ သူစေ့စပ်ထားတဲ့သူနဲ့ လက်ထပ်လိုက်ပြီလေ။ မင်္ဂလာပွဲကို ကျွန်တော့် ၂၅ နှစ်
ပြည့် မွေးနေ့အပြီး နေရောင်တွေ ဖြာကျနေတဲ့ သာယာ
နွေးထွေးတဲ့ နေ့လေးမှာ ကျင်းပခဲ့တယ်။

သူ့အမျိုးသမီးက မာရီယာပဲ ဖြစ်တယ်။

အမျိုးသမီးတစ်ယောက် ဖြစ်တာကလွဲလို့ သူမက အတော်လေး ဗဟုသုတကြွယ်ပြီး
သွက်လက်ထက်မြက်တယ်။

အဲဒါဟာ ဘာအကြောင်းနဲ့မှ သူမရဲ့ လှပမှုတွေကို လျော့မသွားစေသလို ပိုလို့တောင် သူမကို တင့်တယ်စေတယ်။

မင်းမျိုးမင်းနွယ်တစ်ယောက်နဲ့ တူတဲ့ နူးညံ့
သိမ်မွေ့တဲ့ အပြုံးပိုင်ရှင်ကို ကျွန်တော်ကတော့
မျိုးရိုးမြင့်ဂုဏ်သရေရှိ အမျိုးသမီးများထဲမှ
နံပါတ်တစ်အဖြစ်၊ ကိုယ်စားလှယ်အဖြစ်သာ မှတ်ယူထားတော့တယ်။

သူမဟာ တကယ့်ကို ကျွန်တော် လေးစားရတဲ့အကိုနဲ့
လိုက်ဖက်တဲ့ နှစ်လိုဖွယ်ကောင်းတဲ့ လက်တွဲဖော်ပဲ ဖြစ်
တယ်။

သူမကို တွေ့သည့်နေ့Nơi câu chuyện tồn tại. Hãy khám phá bây giờ