Day bleeds into nightfall

1.3K 134 7
                                    

[Unicode]

ရှောင်းကျန့် ဝမ်ရိပေါ့်ကို စသိခဲ့တဲ့ပုံကတော့ မတူပါဘူး ။

နှစ်ဦးနှစ်ဖက် ချစ်ကြတဲ့​နေရာမှာ
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
ရိုကျိုးနေစရာ မရှိဘူးတဲ့ ။
ဒါပေမယ့် ချစ်မိသွားခဲ့ရင်
အရာရာဟာ ရိုကျိုးချင်စရာတွေချည်းပဲဆိုတာ . . . ။

••••
သတင်းစာတိုင်းရဲ့ ခေါင်းစည်းပိုင်းမှာပါလာတဲ့ ကျဲကျဲနဲ့ ရွှယ်အိမ်တော်ရဲ့သားအကြီးရဲ့ မင်္ဂလာပွဲသတင်း ။

ဒီလို သြဇာကြီးမားတဲ့ မိသားစုနှစ်စုက ပြီးပြည့်စုံနေတဲ့ လူနှစ်ယောက်ပေါင်းစည်းခြင်းက စီးပွားရေး​ကြောင့်ဆိုတဲ့အကြောင်းပြချက်မဟုတ်ဘဲ သိပ်ကိုနတ်သမီးပုံပြင်ဆန်တဲ့ လှလှပပဇာတ်လမ်းလေး​ကြောင့် အားကျမှုတွေ ၊ ချီးမြှောက်မှုတွေ နေရာအနှံ့အပြားကနေ ပိုပြီးကျွတ်ကျွတ်ညံလို့ ။ မမွေးခင်ကတည်းက မိသားစုနှစ်ဖက် ကတိစကားရှိခဲ့ပြီး ကြီးလာတော့လည်း ကလေးတွေက ခွဲထားလို့ မရတဲ့အထိ သိပ်ကို ရင်းနှီးတဲ့ ကစားဖော်တွေအဖြစ် ၊ သည်ကနေတစ်ဆင့် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ တစ်​ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး သိပ်ကိုချစ်ကြတဲ့စုံတွဲတွေအဖြစ် ။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့အချိန်တွေကို ခိုးရိုက်ထားသလိုပုံမျိုးဖြစ်အောင် လုပ်ကြံရိုက်ထားတဲ့ဓာတ်ပုံတွေကလည်း နေရာအနှံ့ပြန့်ကျဲလို့ ။ ဘာလို့အခုမှထွက်လာရတာလဲဆိုတာကတော့ ခက်ခဲတဲ့ မေးခွန်းတစ်ခုတောင် ဖြစ်မလာပါဘူး ။ ငွေပေးထားတဲ့ သတင်းသမားတွေက ဝမ်သခင်ကြီးအပေါ်လေးစားသမှုကြောင့် သူတို့အိမ်တော်တွေက မထုတ်ပြန်မချင်း ထိန်းသိမ်းထားတာပါဆိုတဲ့အကြောင်းပြချက်လေးကို အလွယ်တကူပဲ လိမ်ညာလိုက်နိုင်တယ် ။

Pre-wedding က ဓာတ်ပုံတွေထဲမှာ တောက်တောက်ပပပြုံး​ရယ်နေသလိုမျိုး မိသားစုထမင်းစား စားပွဲမှာလည်း ကျဲကျဲက ပြုံးနေခဲ့တယ် ။ ပူးပေါင်းဆောင်ရွက်မှုတွေ ၊ အကျိုးအမြတ်တွေအကြောင်း အဖေနဲ့တိုင်ပင်ရင်း ကျဲကျဲမျက်နှာက ပိုပိုပြုံးလာလေ ။ သတင်းတွေထဲကလို တကယ်ကို ချစ်သူနဲ့လက်ထပ်ရတော့မယ့် မိန်းမငယ်လေးတစ်ယောက်လိုပဲ ပျော်ရွှင်နေခဲ့တာ ။ ဒါပေမယ့် အမှန်တရားကို ဒီစားပွဲမှာ ထိုင်နေတဲ့သူတွေရော ၊ တစ်ဖက်မိသားစုကလူတွေရော အကုန်သိကြတာပဲလေ ။ ကျဲကျဲနဲ့ ရွှယ်မိသားစုရဲ့ သားအကြီးဆုံးဟာ ဘယ်တုန်းကမှ အရင်းနှီးဆုံး ကစားဖော်တွေ မဖြစ်ခဲ့ဘူး ။ သိပ်ချစ်ကြတဲ့ စုံတွဲတွေလည်း မဟုတ်ဘူး ။

A Tale Of Not A Fairy Tale || Completed Where stories live. Discover now