(Unicode)
"Oh Sehun!!!မင်း တကယ်လိုက်မပို့ဖူးလား"
"မပို့ဘူး!"
ပြတ်ပြတ်သားသားငြင်းဆိုသံကြောင့် Kim Jonginတစ်ယောက် တစ်ဖက်ဖုန်းထဲကလူကို အသံတိတ် ကျိန်ဆဲလိုက်တယ်။ကိုယ်ပိုင်ကားမရှိတာ အရမ်းအောက်ကျတာပဲ..
"ပိုက်ဆံပေးမယ်ကွာ!လိုက်ပို့ပေး!"
"ငါ့အကြွေးနှစ်သိန်း အရင်ပြန်ဆပ်ဦး!"
အကြွေးအတောင်းခံရမယ်လို့ မထင်ထားတာကြောင့် ကျွန်တော် တွန့်ခနဲဖြစ်သွားရင်း အသံတိတ်သွားတယ်။တကယ်ဆို တက္ကသိုလ်နောက်ဆုံးနှစ်တုန်းက ချေးထားတဲ့ဟာကို အခုထိ သတိရနေတာက မဖြစ်သင့်ဘူးလေး ဟုတ်တယ်မှတ်လား...
"တော်ပြီ လိုက်မပို့နဲ့တော့ ကိုယ့်ဟာကိုယ်ပဲ သွားတော့မယ် ဒါပဲ"
"နေဦး!"
ဖုန်းချမလို့ပေမယ့် Sehunရဲ့ဟန့်တားသံကြောင့် ဖုန်းကိုနားနားပြန်ကပ်လိုက်ရတယ်။
"ဘာလဲ"
"မင်း ဒီနေ့ ငါ့ကိုအလုပ်လာကူပေးရင် အကြွေးကိုချေပေးမယ်"
ကျွန်တော် တစ်ဖက်ကမမြင်နိုင်မှန်းသိရက်နဲ့ မျက်ဖြူဆိုက်ရင်း နှုတ်ခမ်းကိုပါမဲ့ပစ်လိုက်တယ်။ဒီကောင် ဒါ တမင်သက်သက်ညစ်တာ။ကျွန်တော် ဒီနေ့ အိမ်ထောင်ဖက်သွားတွေ့ရမယ်ဆိုတာ သိရက်နဲ့။
"သက်ညှာပေးလို့ကျေးဇူးပဲ။ဒါပေမယ့် မလိုဘူး! ငါနောက်မှ အတိုးပါပြန်ဆပ်မယ် ဒါပဲ"
"နေ နေဦးလေJongin....ငါ လစာပါပေး..."
ကျွန်တော် ဆက်နားထောင်မနေတော့ပဲ တိခနဲဖုန်းကိုချပစ်လိုက်တယ်။အနည်းဆုံးတော့ တဖက်မိန်းခလေးဆီမှာ အထင်ကြီးခံချင်လို့ သူ့ကားကိုအသုံးချမလို့ပါဆိုမှ ဒင်းကဈေးကိုင်နေတဲ့အပြင် blind dateကိုပါ ပျက်အောင်ကြံစည်နေတာ။
တွေးကြည့်ရင် အိမ်ကစီစဉ်ပေးသမျှ blind dateမှန်သမျှ Oh Sehunကောင်းမှုနဲ့ ပျက်တာတွေချည်းပဲ။ဘာလဲ ဒီတစ်သက် ကျွန်တော့်ကိုအိမ်ထောင်မပြုနိုင်အောင် ဒင်း ဂွင်ဖန်နေတာများလား။သေချာပေါက် လူပျိုကြီးဖြစ်မယ့် သူ အဖော်ရအောင်လို့လေ....
YOU ARE READING
Friend Zone's Benefits(Z+U)