တီ....
ဖုန်းက တစ်ချက်တုန်ခါသွားပြီး အချက်ပေးသံတစ်ခုထွက်လာသည်။
ခနလောက်တော့ ထိုအသံကို လျစ်လျူရှုလိုက်ပြီး ဆွဲလက်စ ပန်းချီကားကိုသာ ဆက်ဆွဲနေလိုက်မိသည်။ခနအကြာမှာတော့ ဖုန်းကို ဖွင့်လိုက်ပြီး
ရောက်နေသော Messageလေးအား ဖွင့်ဖတ်မိလိုက်သည်။ထွေထွေထူးထူးတော့မဟုတ် သူငယ်ချင်းဖြစ်သူက အပြင်သွားရန်ခေါ်သည့် စာလေးတစ်စောင်။သူမက လိုက်ခဲ့မယ်။လာခေါ်ဟု စာပြန်လိုက်ပြီး ဆေးစက်တွေပွနေသော Apronလေးကို ချွတ်လိုက်ပြီး ဆွဲပြီးသွားတဲ့ ပန်းချီကားလေးကို ငေးကြည့်နေမိသည်။နေကြားပန်းခင်းကြီးနဲ့ကောင်းကင်ကြီးကနေမင်းကြီးကို ဆွဲထားတဲ့ ရိုးရိုးပန်းချီကားလေးဆိုပေမယ့်
သူမအတွက်တော့ အဓိပ္ပာယ်ရှိလှသည်။အင်းးးးသူငယ်ချင်းဖြစ်သူကို လာခေါ်ဖို့ပြောထားပြီးပြီဆိုတော့ သူမအပြင်သွားဖို့ရန် ပြင်ဆင်ရအုံးမည်မို့
လက်ထဲက Apronကို နံရံမှာ ချိတ်လိုက်ပြီး ရေချိုးပြင်ဆင်ရန် အခန်းထဲသို့သာ ဦးတည်လိုက်သည်။______________________________________________
သူမနာမည်က Son Chae Young။Son Groupရဲ့ တစ်ဦးတည်းသော သမီးလေး။အားလုံးကသူ့ကို
ဆက်ခံသူဖြစ်မည် ထင်ထားကြသော်လည်း
သူမက သဘောကျတဲ့ ဝါသနာပါတဲ့ အလုပ်ဘဲ လုပ်ချင်သူမို့ ဆက်ခံသူနေရာကို သူမရဲ့ အစ်မဝမ်းကွဲအား လွှဲပြောင်းပေးခဲ့သည်။လူတွေက အက်တာကို နားမလည် မသိဘဲ သတင်းအမှားတွေပြောကြသည်။သူ့မှာဖြေရှင်းရပေါင်းလည်းများခဲ့ပြီ။ခုတော့ သူမဟာ သူမဝါသနာပါတဲ့ပန်းချီပညာကို လေ့လာနေပြီး ပန်းချီဆရာပေါက်စတစ်ယောက်အဖြစ်သာ ရပ်တည်နေသည်။"Son Chae ဆင်း။ရောက်ပြီ"
"အင်း အင်း"
ဘဝမှာ သူငယ်ချင်းဟူ၍ Chou Tzuyuဆိုသောသူငယ်ချင်းတစ်ယောက်သာရှိသည်။သူငယ်ချင်းအများကြီးမရှိဘူးလား ဆိုတော့လည်း မဟုတ်ဘူး။သူငယ်ချင်းတော်တော်များများက အပေါ်ယံတွေသာဖြစ်ပြီး Chou Tzuyuဆိုသော သူငယ်ချင်းကတော့ သူမကို စိတ်ရင်းနှင့်ချစ်ပြီး တကယ်ကို
သူငယ်ချင်းပီသသောသူဖြစ်သည်။