တစ်နေကုန်ပြီ! သူမ ပန်းချီဆွဲနေတာ တစ်နေ့လုံးကုန်သွားပြီ! ဒါပေမယ့် သူမ ပန်းချီကား အစလေးတောင်မဆွဲနိုင်လိုက်ဘူး!
"ဟူးးး"သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကိုင်ထားတဲ့စုတ်တံကိုချလိုက်ကာ Apronကို ချွတ်လိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်
"ပန်းချီဆရာလေး Chaeng ပန်းချီဆွဲပြီးသွားပြီလား"
ကြားလိုက်ရသောအသံကြောင့် ဖျက်ကတည်းမော့ကြည့်လိုက်တော့ သူမကို ပြုံးပြုံးကြီးကြည့်နေသည့် သူမအချစ်ရဆုံးသောသူတစ်ယောက်
"ဟာ...Unnieမကောင်းဘူးဗျာ လာမှာဆိုရင်လည်း ကြိုတင်ပြီး အကြောင်းလေးကြားလေဗျာ"
သူမက အပြစ်တင်သလိုပြောပေမယ့် ရင်ထဲမှာ ဝမ်းသာနေတာ သူမအသိဆုံးပင်
"အမလေး Chaengရယ် ကြိုတင်အကြောင်းကြားလည်း ဒီတိုင်း မကြားလည်း ဒီတိုင်းဘဲမလား"
"ဟီးးးဂျပန်ကနေ ဘယ်နေ့ကတည်းက ပြန်ရောက်နေတာလည်း ခုမှ ပြန်ရောက်တာတော့ မဖြစ်နိုင်ဘူး"
"အွန်း ပြီးခဲ့တဲ့ အပတ်ကတည်းက ပြန်ရောက်တာ အလုပ်တွေ အရင်လုပ်နေလို့ ခုမှ Chaengလေးဆီ လာဖြစ်တာ"
"ရောက်တုန်း ထမင်းလေးချက်ကျွေးသွားနော် Chaengက Unnieလက်ရာလွမ်းနေတာ"
"အွန်း နောက်ရက်ပေါ့ ဒီနေ့တော့ ပင်ပန်းတယ် အခန်းထဲသွားအိပ်တော့မယ် နောက်ရက် ချက်ကျွေးမယ်"
"ဟုတ်...ဟုတ်"
အစ်မအရင်းတစ်ယောက်လို ချစ်ရတဲ့Unnieပြန်ရောက်လာတော့ သူမဝမ်းသာနေမိသည် အမှန်ဆို ဒီအလုပ်တွေက သူမလုပ်ရမဲ့အလုပ်တွေ ဒါပေမယ့် ခုတော့ သူမအစား Yoo Jeong Unnieက လုပ်ပေးနေရသည် သူမသိပ်ချစ်ရတဲ့အစ်မ ဒီလောက် ပင်ပန်းနေတာ မကြည့်ရက်ပေမယ့် Unnieကိုယ်တိုင်ကိုက ညီမလေးဝါသနာပါရာ လုပ်ပါဟု ပြောထားသောကြောင့် သူမ ပန်းချီလောကဘဲ ရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်သည်
အခန်းထဲရောက်တော့ ကုတင်ပေါ်ကို ပစ်လှဲချလိုက်ရင်း ဟိုတစ်နေ့က တွေ့ခဲ့သော အမျိုးသမီးတစ်ယောက်က ခေါင်းထဲရောက်လာပြန်သည်