Unicode
ဘတ်!
"မင်းတော့!...အခုချိန်က စနောက်နေရမယ့် အချိန်လား ချင်းလန်...''
အထုရိုက်ခံလိုက်ရသည့် လက်မောင်းနေရာက အနည်းငယ်မျှ မနာကျင်လိုက်သော်လည်း ချင်းလန်ရင်းကတော့ မျက်နှာကြီးတစ်ခုလုံးကို ဟန်ဆောင်ပန်ဆောင်တွေပင် ရှုံ့တွပြလိုက်ပါသေးသည်။
"မင်းတော်လောက်ပြီ...အခုငါ့ကို ပြောပြလို့ ရပြီလား...အိမ်ရှေ့စံဖူးယာကို ကယ်မယ့် ကိစ္စနဲ့ အချုပ်ထဲက မင်းသမီးဂျင်ဝေထန်ကို ဘယ်လို စီရင်လိုက်မှာလဲဆိုတာ...''
ထိုသို့ဆိုလာတော့ ချင်းလန်ရင်းက သူ၏မျက်နှာကြောကို ပြန်ထိန်းလိုက်သည်။စားပွဲအထက်က ရှောင်ယွီ၏ လက်ချောင်းရှည်များကိုလည်း အညင်တသာ ဆုတ်ထွေးလို့ ကိုင်တွယ်ပေးလိုက်ရင်းနှင့်ဘဲ...
"ဟုတ်ပါပြီ...ငါအခု အတည်စကားပြောမယ်...ငါမင်းကို တာ့စုန့်ကို လွှတ်မလို့...တာ့စုန့်စစ်တပ်ကြီးတစ်ခုလုံကို ဒီလျောင်ပြည်ရဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ လုပ်ရမယ်...''
"နေဦး...ဒါဆို မင်းစကားက...မင်း...စစ်ဖြစ်ဖို့ ရွေးချယ်လိုက်ပြီလို့ ဆိုလိုချင်နေတာလား ချင်းလန်...''
"အင်း...ဒါပေမဲ့ ဒီတစ်ခေါက် တာ့စုန့်စစ်တပ်ကို ဒီလျောင်ပြည်ကို လွှတ်လိုက်ပြီး မင်းကတော့ တာ့စုန့်မှာဘဲ နေခဲ့လိုက်။ငါ တာ့လျောင်မင်းကြီးနဲ့ ဒီကိစ္စ ဆွေးနွေးပြီးသွားပြီ။မွန်ဂိုအင်ပါယာက အရမ်းအင်အားကြီးတယ်။ဒီတစ်ခေါက် စစ်ပွဲက အသေအကြေများပြီး အနိုင်ယူဖို့ကလည်း တော်တော်လေး အားထုတ်ရလိမ့်မယ်။အဲ့ဒါကြောင့် ငါမင်းကိုစိတ်မချဘူး မင်းနားလည်ရဲ့လား...''
ထိုသို့ဆိုလိုက်သည်နှင့်တင် ရှောင်ယွီက အလိုမကျတော့ဟန် လက်ကို ဆုတ်ကိုင်ထားခဲ့သည့် ချင်းလန်ရင်း၏လက်ကို ဖယ်ထုတ်ပစ်လိုက်လေရင်းဘဲ...
"မင်း!...ငါ့ကိုအဲ့ဒီလို လုပ်လို့မရဘူး။ငါကဘယ်လိုလုပ် တာ့စုန့်မှာ ကြောက်သေးပန်းပြီး နေခဲ့ဖို့ လုပ်ရမှာလဲ...စိုးရိမ်တာတွေ ဘာတွေ ငါနားမလည်ဘူး။ငါမင်းသွားတဲ့ အနောက်က ငါ သေချာပေါက် ကပ်လိုက်နေမှာဘဲ။ပြီးတော့ငါက တာ့စုန့်ရဲ့ စစ်သူကြီးလေ...စစ်သူကြီးမရှိတဲ့ စစ်တပ်က ဘယ်လိုလုပ်ပြီးများ တစ်ဖတ်စစ်တပ်ကို အနိုင်ယူဖို့ ဖြစ်နိုင်မှာလဲ...ထပ်ပြောလိုက်မယ် ချင်းလန်ရင်း...တကယ်လို့ အခုစစ်ကြောင်းမှာ ငါမလိုက်ရဘူးဆိုရင် ငါတာ့စုန့်ကိုပြန်ပြီး စစ်တပ်ကြီးကိုလည်း သွားခေါ်မပေးဘူး။ငါလည်း စစ်လိုက်တိုက်ရတယ်ဆိုမှ သွားမှာ...''
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...