"ငါ့မောင်လေးတောင် ဘာလိုလိုနဲ့
ယောက်ျားရတော့မှာပါလား...."
"ဘာလဲ....နင့်အရင် ရသွားလို့ ဝမ်းနည်းနေတာလား..."Tay Tawanတို့က ထုံးစံအတိုင်း သူများကို ဖဲ့ရမယ်ဆို နှစ်ယောက်မရှိဘူး
"ငါ စကားအကောင်းပြောမလို့်..."
"အေး..အေး...ပြော...ငါ..မစတော့ဘူး..."
"Tay. ...ငါ နင့်ကို ဝန်ခံစရာ ရှိတယ်....အဲ့နေ့ညက ငါမသိချင်ယောင်ဆောင်ခဲ့တာ..."
Tayမျက်ခုံးတစ်ချက်ပင့် စဉ်းစားလိုက်ပြီး
"ဘယ်နေ့ညကလဲ...နင် မဟုတ်မှ..."
"အေး......နင်တို့်နှစ်ယောက် လုပ်နေတာ ငါ မြင်တယ်"
"နင် နည်းနည်းပါးပါး ဝင်တားပ့လား"
"ငါက ဘယ်စိတ်နဲ့ ဝင်လာရမှာလဲ အရူးရဲ့..ပြီးတော့...ငါ သံသယဝင်တာNew...."
"Newက ဘာလို့လဲ... "
"Newက နင်လုပ်တာ ငြိမ်ခံနေရလောက်တဲ့အထိ အားမရှိတာလည်း မဟုတ္ဘူး...ဒါမှမဟုတ် Newကိုယ်တိုင်က နင့်အပေါ် စိတ်ပါနေလို့များလား..."
"Newက သူ့ကောင်မလေးနဲ့တောင် လက်ထပ်တော့မှာ...နင်ပြောသလို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ........"
"ငါက ဖြစ်နိုင်ခြေရှိတာ ပြောကြည့်တာပါ...""ဒါနဲ့......နင် ဘယ်အထိ မြင်ခဲ့တာလဲ..."
" ငါ မကြည့်ဘူးနော်...အသံကြားတာကို ပြောတာ..."
"အစ္မ တစ်ယောက်ဖြစ်နေပြီး ကိုယ့်မောင်တစ်ယောက်လုံး ရေတိမ်နစ်မှာကို ကြည့်နေရက်တယ်..."
" အစက ဓာတ်ပုံပြပြီး... Newဖောက်ပြန်နေတယ်လို့ ကုကစ်ကို ပြောပြီး မင်္ဂလာပွဲပျက်သွားအောင် လုပ်ရုံပဲ
ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို် ငါ ထင်မထားခဲ့မိဘူး...""ဒါဆို....နင် နင်က ဓာတ္ပုံပါ ရိုက်ထားတယ်ပေါ့..."
မြင်တာကိုမတားတဲ့အပြင် ဓာတ္ပုံပါ ရိုက်ထားတယ်ဆိုတော့....Tayမွာ ပြောစရာ စကားလုံးတွေတောင် မရှိတော့ဘူး
" ဟီး...ခုတော့ မလိုတာ့လို့ ငါဖျက်လိုက်ပါပြီဟ"
"ဒီအကြာင်းသာ Newသိသွားရင်....ဘယ်လိုလုပ်မလဲ...သူက နင့်ကို အရမ်းယုံကြည်တာ"
