လမ်းပြဦးလေးကြီး ခေါ်သွားတဲ့နောက် အထုပ်တွေအပိုးတွေ ကိုယ်စီနဲ့ မရဏတောထဲ ချည်းနင်းဝင်ရောက်သွားကြ၏
Film - " Wow တောလေးက လှလိုက်တာ သဘာဝတရားကြီးနဲ့ ပြည့်နှက်နေတယ် "
Gun - " ဒီလောက်လှတဲ့တောကို ကွာ မရဏတောတဲ့ လူတွေကလဲ ခေါ်ရက်တယ် "
စိမ်းလန်းတဲ့ သစ်ပင်ကြီးငယ်တွေက တောရဲ့အလှကို ပိုပြီးကြွစေတယ် တောသည်လဲ ပင်လယ်လိုပဲ တခါတလေ အရမ်းကိုလှပပြီးတခါတရံ မာယာများတတ်တာကိုတော့ ခေတ်လူငယ် တစ်အုပ်တော့ သိမည်မထင်
သွားရင်းနဲ့ စမ်းချောင်းနားရောက်တော့
" ကဲ ဒီမှာ တစ်ထောက်နားမယ် မိုးလဲချုပ်တော့မယ် "
လမ်းပြဦးလေးက ပြောလိုက်တော့
သူတို့လဲ အိပ်ဖို့ ရွက်ဖျင်တဲတွေ ဆောက် ပစ္စည်းတွေနေရာချ ပြီး စမ်းချောင်းထဲသို့ အုပ်စုလိုက် ရေဆော့နေကြသည်သူရိန်နေမင်းက အလင်းပေးရာကနေ တဖြည်းဖြည်း ဆည်းဆာရောင်လွှမ်းလာပြီး အမှောင်ထုထဲကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားလေတော့၏
လမိုက်ညဖြစ်တော့ အမှောင်ရဲ့ထုထည်က ကြီးမားလွန်းလို့ အရာထ္ထုတွေကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး မြင်မြင်သမျှ ဟာ
အရိပ်မည်း တွေပဲ လွှမ်းမိုးလို့နေ၏ညဟာ တဖြည်းဖြည်းနက်သထက်နက်
လာလေ တိတ်ဆိတ်ခြင်းက ကြီးစိုးလေ
သစ်ရွက်ခတ်သံ လေတိုးသံကအစ
စိတ်ခြောက်ခြားစေသည်Gun တစ်ယောက် အိပ်မပျော်လို့ ငုတ်တုတ်ထထိုင်နေသည်
ခဏနေ Offက နိုးလာပြီး" အချစ် ဘာလို့လဲ အိပ်မပျော်ဘူးလား "
" အချစ် ကြောက်တယ် မနက်ဖြန်
ပြန်ရအောင် ထပ်မသွားနဲ့တော့ "" ဘာမှမဖြစ်ဘူး အချစ်ရဲ့ ကြည့်ပါလား
တစ်မနက်လုံး အခုတစ်ညလုံး ဘာဖြစ်လို့လဲ အေးအေးဆေးဆေးပဲဟာ ယုံတမ်းစကား
တွေကို အာရုံမထားနဲ့ ဟုတ်ပြီးလား လာအိပ် ကိုယ်ဖက်ထားပေးမယ်နော် "" ဟုတ် ကိုကို "
မနက်ရောက်တော့ ရည်ရွယ်ရာ ခရီးဆက်ပြန်သည် အခုထိတော့ သာသာယာယာရှိဆဲပဲ
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ