Unicode
ဘယ်လိုတွေတောင် သောက်ကျိုးတွေ နည်းကုန်ရသည် အခြေအနေမျိုးလဲ!
ဒီအနှစ်တစ်သောင်း ဝတ္ထုကြီးထဲက third lead ချွေ့ဖူးယာအဖြစ်နဲ့ ဝင်လာခဲ့ရတယ်ဆိုလည်း မူလ ဇာတ်ကြောင်းထဲကလို စောစောစီးစီး လူမသိ သူမသိသာ အမျိုးပြုတ်သွားခဲရင် အကောင်းသား။
အနှီချွေ့ဖူးယာ၏ ကိုယ်ထဲ ဝင်လာခဲ့သည့် အချိန်ကနေစပြီး အလှလေးကိုသာ အသားကုန်တွေ ပိုးပမ်းနေခဲ့လျှက်
မူလဇာတ်ကြောင်းကိုပါ ပြောင်းလဲဖို့လုပ်ခဲ့မိသည့် သူ့ကိုယ်သူကိုသာ သောက်ချိုးမပြေလွန်း၍ တက်လင်းပစ်လိုက်ချင်ပါတော့သည်။ဒီလိုသောက်ကျိုးနည်းတာတွေ ဖြစ်လာမယ်မှန်းသာ သူ ကြိုသိခဲ့ရင် သေချာပေါက် အလှလေးနှင့် သောက်ရေးမပါလွန်းတဲ့ ကလူတူတူ ဇာတ်လမ်းတွေလည်း ခင်းမနေခဲ့ဘူး။အလှလေးကို ချစ်ခဲ့မိပြီး အလှလေးကို သူ့အပိုင်ဖြစ်အောင် ပြုလုပ်ခဲ့မိသည်ကိုက သူ့၏သောက်ချေးလို အမှားဘဲ။
အလှလေးက အဆိပ်သင့်တက်သည် တွဲမစားရဟု ရှေးလူကြီးများ သမုတ်ထားခဲ့သည့် ဟင်းခွက်ကြီးလိုဘဲ။အခုတော့ အလှလေး၏ ပယောဂကြောင့်ဘဲ သူ၏ခမည်းတော်ရော တိုင်းပြည်ကြီးအထိပါ အန္တရာယ်စက်ကွင်းထဲသို့ ဆိုက်ရောက်ကုန်ကြပြီ။
သူက သောက်ရေးမပါတဲ့ အမှားတွေ အများကြီးကို ကျူးလွန်ခဲ့မိတာ...
တစ်ကိုယ်တည်းသာ ကျန်ရစ်ခဲ့ရသည့် အခန်းတွင်းက ဖူးယာမှာ စစ်ပွဲဖြစ်တော့မည်ဆိုသည့် လျောင်စုန့်နှစ်နိုင်ငံနှင့် မွန်ဂိုအင်ပါယာကြီးကြောင့်လည်း ခြေမကိုင်မီ လက်မကိုင်မီနှင့်သာ ကြံရာမရဖြစ်နေခဲ့ရုံ...
အခန်းတွင်း၌သာ ပြန်ပြန်လှန်လှန်တွေ လမ်းပတ်လျှောက်နေမိလျှက် တစ်ဖန်လည်း ကုတင်ပေါ်ကိုဘဲ တုန်ယင်စွာနှင့် ပြန်ထိုင်ချလိုက်နှင့် အကြံအိုက်နေမိခဲ့သည်။ဘယ်လိုဘဲဖြစ်ဖြစ် သူ၏မိသားစုကိုတော့ အန္တရာယ် ကင်းစေချင်ပါသည်။ဤကဲ့သို့ အန္တရာယ်ကင်းစေချင်လာမိသည့် အတွေးမှာလည်း ရှောင်ဖုန်းဘဝတွင်တော့ ဝေးခဲ့စွ။ချွေ့ဖူးယာ၏ ကိုယ်ထဲကို ဝင်လာမှသာ ပထမဦးဆုံးအကြိမ်အဖြင့် လူသားဆန်ဆန် မိသားစု၏အပေါ်၌ အရေးပေးကာ တွေးတက်လာခြင်း ဖြစ်သည်။
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...