Part-50 ကြက်သားဆန်ပြုတ်/ကြက်သားဆန်ပြုတ်

5.3K 782 24
                                    

Unicode

ဖူးယာ၏ နောက်ဆုံးမှတ်ဉာဏ်ကတော့ အလှလေးကနေပြီး သူ၏ဂုတ်ပိုးကို ရိုက်ချလိုက်ကာ လူကို သတိမေ့အောင် လုပ်ထည့်ပစ်လိုက်သည်ဘဲ။ဖူးယာ၏ ခန္ဓာကိုယ်မှာလည်း တစ်စတစ်စဖြင့် ယိုယွင်းလာသည်။

တစ်ခါလောက် သတိမေ့သွားခဲ့လျှင်ပင် လေပွေတစ်ခုထဲမှာ အရစ်ပတ်ခံထားရသည့်အလား ခံစားချက်မျိုးနှင့် လူက လွင့်မျောနေလေလျှက် အနှီလေပွေမှ လွတ်မြောက်နိုင်ရန်ကိုလည်း သူမှာ အစွမ်းကုန်ပင် ကြိုးစားနေခဲ့ရသည်။အနှီလေပွေမှ လွတ်မြောက်လာနိုင်ခဲ့သည့် အချိန်မျိုးတွင်သာ သူ၏အသိစိတ်တို့က သူ၏ဦးနောက်အတွင်းသို့ ပြန်လည် ခစားလျှက် ပုံမှန် လူတစ်ယောက်ကဲ့သို့ သတိပြန်ကပ်လိုက်နိုင်သလိုမျိုး။ထိုကဲ့သို့ ဖြစ်သည်။

ဤခံစားချက်ကြီးမှာ ဆန်းကြယ်လွန်းသည်။အသေးစိတ် ခွဲခြမ်း စိတ်ဖျာကြည့်လျှင် သူ၏ လက်ရှိခန္ဓာကိုယ်ကြီး တစ်ခုလုံးကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားပြီး၊
အကယ်၍ အနှီတစ်စုံတစ်ယောက်ကသာ ဆန္ဒတို့ရှိမနေရင် ရှောင်ဖုန်း သေချာပေါက် ဤဖူးယာ၏ ခန္ဓာကိုယ်ကြီးထဲသို့ ပြန်ဝင်၍ပင် မရနိုင်တော့မည့် အလားဘဲလေ။

အခုလည်း ဖူးယာတစ်ဦး အနှီလေပွေထဲ၌ လွင့်မျောနေဆဲ။သို့သော် နှာခေါင်းဖျား နေရာလေးမှာ ရုတ်တရက် လာပြီး ဝေ့သီလာခဲ့သည့် ဟင်းခတ်အမွှေးကြိုင်ရနံ့က အနှီလေပွေကနေ လွတ်မြောက်ဖို့ သူ့ကို အာအင်းတွေ ပေးစွမ်းလိုက်သည့်အလားပါဘဲ။

ဖူးယာ သူ၏ မျက်ဝန်းတွေကို ဆတ်ကနဲ ဖွင့်ဟပစ်လိုက်လျှက် အသိစိတ်၏ လှုံ့ဆော်ပေးမှုတို့ကြောင့်လည်း ငေါက်ကနဲ ထထိုင်ပစ်လိုက်မိသည်။ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ ယခုသူက ဝါးလုံးစိမ်းလေးများနှင့် အသေးစိတ် ဆောက်လုပ်ထားခဲ့သည့် အိမ်ပုလေးတစ်ခုထဲကို ရောက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုလိုက်ရသည်။

နှုတ်ကနေလည်း...

"အိုက်ယိုး မားရေ...ဒါကထပ်ပြီး ဘယ်နေရာကြီးများလဲ...''

ထိုစဥ် အခန်းထဲသို့ ပန်းကန်လုံးလေး တစ်လုံး တင်ထားခဲ့သည့် သစ်သားဗန်းလေးကို ကိုင်ဆောင်ကာ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည့် အလှလေး ချင်းလန်ရင်းကို မြင်လိုက်ရသည်။ဖာခ့်!တော်သေးသည်ပေါ့။သူ့ခမျာ ထပ်ပြီး နေရာသစ်တစ်ခုက တစ်ခြားသူတစ်ယောက်၏ ကိုယ်ထဲကို ကူးပြောင်းလာရခဲ့ပြီပင် ထင်လိုက်မိသည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora