Zawgyi**
ခြံဝန်းရှေ့မှာရပ်နေရင်းနှင့် ဝင်သင့်မဝင်သင့် စဉ်းစားနေမိသည်။
ငါးနှစ်။
သူဒီမြို့လေးကို မရောက်ဖြစ်တာငါးနှစ်ရှိပြီ။ ငါးနှစ်လုံးလုံးအဆက်သွယ်ဖြတ်ထားပြီးမှ ပြန်လာဖို့ကို လိပ်ပြာမလုံခဲ့။ သူ့အား အရင်ကလို နွေးနွေးထွေးထွေးကြိုဆိုပါဦးမည်လား။
စိမ်းဖန့်ဖန့်အမွေးလေးများ ထောင်ထနေသည့် လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေက သံတံခါးဘေးက လူခေါ်ဘဲလ်လေးပေါ်မှာတဝဲလည်လည်။ အရင်ကတော့ ဒီနေရာမှာကြေးခေါင်းလောင်းလေးရှိခဲ့သည်။ ငါးနှစ်ဆိုသောအချိန်က အရာရာတိုင်းကို ပြောင်းလဲဖို့အတွက် လုံလောက်သည်ထင်ပါ၏။
ထားပါလေ။ လမ်းကြုံလို့ ဝင်ပြီးနှုတ်ဆက်ရုံပဲကို။
ဆုံးဖြတ်ချက်ချပြီးတော့ လူခေါ်ဘဲလ်လေးကို သုံးကြိမ်တိတိနှိပ်လိုက်သည်။
ခဏကြာတော့ အိမ်ထဲမှ အားကစားဘောင်းဘီအနက်နှင့် hoodie အဝါကို ဝတ်ထားသည့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ထွက်လာပါ၏။ ထိုကောင်လေးကို ဒီခြံထဲ၌သူတစ်ခါမှမမြင်ဖူးပါ။
ထိုကောင်လေးက ခြံတံခါးရှေ့သို့ရောက်လာကာ all black fashion ဝတ်ထားသောသူ့အားခြေဆုံးခေါင်းဆုံးကြည့်ပြီးတစ်ချက်ပြုံးပြကာ ယဉ်ယဉ်ကျေးကျေးမေးလာပါ၏။
" ဘယ်သူနှင့်တွေ့ချင်လို့ပါလဲ ခင်ဗျ "
သူ လည်ချောင်းရှင်းပြီးစကားပြောလိုက်တော့ ထွက်လာသည်က ယောက်ျားပီသသည့် အသံသြသြ။
" ဒီအိမ်ပိုင်ရှင်...အဖွားဒေါ်ဥမ္မာတင်နှင့်တွေ့ချင်လို့ပါ "
ထိုကောင်လေးက တစ်ချက်တွေဝေသွားပြီး မေးခွန်းတစ်ခုကိုဆက်မေးလာသည်။
" ဘယ်သူလို့ပြောပေးရမလဲ..ခင်ဗျ "
" နေဝင်ဆည်းဆာ "
" နေဝင်ဆည်းဆာ...ဆည်း...အစ်ကိုလေးဆည်းလား "
သူ့နာမည်ကို ကြားတော့ဝမ်းသာသွားကာ တံခါးကို ဆွဲဖွင့်လိုက်ပြီး သူ့မျက်နှာအား သေချာ ကြည့်ရှုစစ်ဆေးနေလေသည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "