UNICODE
ငါမင်းနဲ့ Friend Zone ထဲမှာမနေချင်ဘူး
စည်သူကောင်းထက်
အသက် (၂ဝ)
တတိယနှစ်ကျောင်းသားကျွန်တော်အချစ်စစ်လို့ထင်ထားခဲ့ပြီး တကယ်ချစ်မိဖို့ကြိုးစားခဲ့တဲ့ လူတစ်ယောက်ရှိတယ် သူကကျွန်တော်ရဲ့ အချစ်ဦးဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ သူကကျွန်တော်ပထမဆုံးတွဲဖူးသူမို့ ရည်းစားဦးဆိုတဲ့ဂုဏ်ပုဒ်ကိုပါ ရရှိသွားတယ် ဒါပေမယ့် သူနဲ့ကျွန်တော် တစ်လပဲတွဲဖြစ်မိတယ် သူနဲ့ပြတ်သွားတော့ ကျွန်တော့်အနေနဲ့ချစ်သူတစ်ယောက်ဆုံးရှုံးရတဲ့အပြင် ခင်မင်ရတဲ့သူငယ်ချင်းတစ်ယောက်ပါ ဆုံးရှုံးလိုက်ရတယ်
အဲ့အချိန်ကစပြီး သူငယ်ချင်းတွေ အရမ်းခင်မင်ရင်းနှီးနေတဲ့သူတွေကို တွဲဖို့ကိုမစဉ်းစားတော့ဘူး နှစ်ယောက်စာထပ်မဆုံးရှုံးချင်တော့လို့သူကတော့ ကျွန်တော့်ကိုလမ်းမှာတွေရင် ပြုံးပြပါရဲ့ ကျွန်တော်ကတော့ မမြင်ချင်ယောင်ဘဲဆောင်နေမိတယ် ဘာဖြစ်လို့လဲဆို ကျွန်တော်နဲ့အတူ နောက်ယောင်္ကျားလေးတစ်ယောက်ကိုပါ ပြိုင်တူတွဲခဲ့တဲ့ သူ့ကိုကျွန်တော်နားမလည်နိုင်လို့ပါ ဘယ်တော့မှလည်း နားလည်ပေးနိုင်မှာ မဟုတ်ဘူး လူတွေကတော့ ကျွန်တော့်ကိုမာနကြီးတဲ့ကောင်တဲ့ ဒါပေမယ့် ကျွန်တော်တစ်ယောက်ချင်းကိုလိုက်မရှင်းပြနေသလို သူ့အကြောင်းတွေလည်းပြန်ဖွမနေတော့ပါဘူး ကျွန်တော်က အတိတ်ကိုအတိတ်မှာပဲထားခဲ့တဲ့သူလေ ပစ္စုပ္ပန်ဆီယူဆောင်လာဖို့နဲ့ အနာဂတ်အထိပါယူဆောင်သွားဖို့ ကျွန်တော်ခေါင်းရှုပ်မခံနိုင်ဘူး ခေါင်းရှုပ်ခံရဖို့လည်း တန်တဲ့ကိစ္စမှမဟုတ်တာ
ဒါတွေကို ကျွန်တော့်သူငယ်ချင်းအရင်းကြီးတွေအကုန်နီးပါးသိတယ် သူတို့ကိုလည်း မသိချင်ယောင်ဆောင်ထားဖို့ရယ် သူ့အကြောင်းတွေပြန်မဖွဖို့ တောင်းဆိုထားရသေးတယ် ဒါကျွန်တော့်အနေနဲ့ အချစ်ဦးအပေါ်မှာထားရှိတဲ့ သစ္စာစောင့်သိမှုပဲ ဒီလောက်ဆို လုံလောက်ပြီလို့ ကျွန်တော်သတ်မှတ်ထားတယ် ဒီလိုနဲ့ကျွန်တော်နောက်ထပ် ချစ်ဖို့ကြိုးစားခဲ့တယ် ကြိမ်ဖန်များစွာပေါ့ ဘယ်သူနဲ့မှ မတွဲမိလိုက်ပါဘူး အီစီကလီအဆင့်လောက်အထိပဲ အဲ့ဒီထက်လည်းမပိုဘူး အီတာတောင်မှ တစ်ပတ်ထက်မပိုခဲ့ဘူး ဘာဖြစ်လို့ဆို ကျွန်တော်နဲ့အီနေရင်း ရည်းစားတွေရကုန်ကြတာကို အချစ်စစ်မဟုတ်လို့ နေမှာပါဆိုပြီးပဲ သတ်မှတ်လိုက်တယ် ကျွန်တော်ကိုယ်တိုင်ကိုက မချစ်လို့လည်းပါမှာပါ ဒါတွေက ကျွန်တော့်နောက်ဆုံးချစ်ခဲ့ရတဲ့သူကြောင့်လည်းပါတာပေါ့
YOU ARE READING
Let's Get Out From Friend Zone
General FictionUNICODE + ZAWGYI Friend Zoneထဲကနေထွက်ကြရအောင် "ငါမင်းနဲ့ Friend Zone ထဲမှာမနေချင်ဘူး" ~ စည်သူကောင်းထက် ~ "ငါမင်းရဲ့ အရင်နှီးဆုံးသူငယ်ချင်းဖြစ်ချင်မိတယ်" ~ သူရိန် ~ Friend...