Ch 21

203K 12.2K 1.7K
                                    

Unicode

ခရီးသွားရမည်ဆိုသည့်နေရာတွင်အတက်ကြွဆုံးက ဒန်နီယယ်ဖြစ်သည်။ ဆောင်းရာသီ ၀င်လာပြီး နောင်ချိုဘက်ထွက်ဖို့စီစဥ်သည့်ခရီးဖြစ်တာကြောင့် အနွေး၀တ်တော်တော်များများကိုပြင်ဆင်ရ၏ ဦးဝေအ၀တ်အစားတချို့ကိုလဲ သူရိန်ဂရုတစိုက်ပြင်ဆင်​ပေးရ၏ ၂ ညအိပ် ၃ ရက် ခရီးအတွက် အလုပ်တွေကြိုလက်စသတ်ခဲ့သည့်ဦးဝေ ကမအားမလပ်ပါ။ အရိုက်ခံရပြီးနောက်နေ့မနက် အဖျားငွေ့ငွေ့တက်လာသည့် သူရိန်ကြောင့်လည်းနေ့တစ်ပိုင်းအလုပ်နားခဲ့ရသည်က ပိုအလုပ်များသွားသည်ထင်၏ ခရီးထွက်မည့် နေ့ပင် မနက်စောစောထ အလုပ်လုပ်နေသည်လေ။ ဒဏ်ရာတချို့ကအနည်းငယ်သက်သာပေမယ့်အရှင်းတော့မပျောက်သေးပေ။ လက်ဖျံမှ ရှိုးရာကိုလည်း သူရိန် အင်္ကျီလက်ရှည်တစ်ထည်နှင့်ဖုံးဖိနေရသည်။

ခရီးအတွက်လိုအပ်သည်များကို suitcase 2 လုံးနှင့်ထည့်ပြီးကားထဲသွားထည့်ချိန်တွင်တော့ ဒန်နီယယ်တစ်ယောက် နောက်ခန်းထဲ အဆင်သင့်ရောက်နေပေပြီ။
.
.
.
.
တောင်ပေါ်ဒေသတွေရောက်ဖူးချင်သည်ဆိုတာသောသူရိန်ကြောင့် ဦးဝေကနောင်ချိုခရီးစဥ်ကို  ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ တောင်ပေါ် ဒေသ၏ အေးချမ်းမှုနှင့်အလှအပကို မြို့ပြဒေသတွင်နေထိုင်သူများဖြစ်တာကြောင့်တွေ့ရခဲလွန်းသည်လေ။ လမ်းခရီးကတော့ အနည်းငယ်ထောက်သည်။ ရန်ကုန် မန္တလေးကို တစ်ညလုံးမောင်းလာရပြီး မန္တလေး ပြင်ဦးလွင်ကို​တစ်နာရီခွဲလောက် မောင်းရသည် ။ မနက်စာကို ပြင်ဦးလွင်မှာပဲစားပြီး ကားမောင်းရ ပင်ပန်းနေသည့်ဦးဝေက ဆိတ်သားခြောက်ကြော် , အာလူးကြော် , ခေါက်ဆွဲခြောက်ဘူး  , နေကြာစေ့ ,အချဉ်ပေါင်း တွေတပွေ့တပိုက်နဲ့ကားပေါ် ပြန်တက်လာသည့် သူရိန် နှင့် ဒန်နီယယ်ကိုဆူဖို့လဲ မမေ့ပါ။

ပြင်ဦးလွင် ~ နောင်ချို ကို ၂ နာရီ လောက်မောင်းပြီး နောင်ချို ရောက်သည်နှင့်  မိနစ် ၂၀ လောက် ထပ်မောင်းသည့်အခါ သရက်ကုန်းကျေးရွာ သို့ရောက်သည် ။ ဉာဏ်တော ရွာ , ရွှေသွန်းရွာ တွေကိုနာရီဝက်ခန့် ဖြတ် သည့် လမ်းတစ်လမ်းလုံး နှမ်းပန်းခင်းတွေ , နေကြာခင်း , ကြံခင်းတွေ နှင့်လှပါသည်။ ကားရှေ့ခန်းမှ ကုန်းကုန်းကွကွနှင့် တမျှော်တခေါ်ပန်းခင်းတွေကို လိုက်ကြည့်နေသည့် သူရိန်ကြောင့် ဦးဝေက ကားကိုအရှိန်လျော့မောင်းပေး၏

သက်ဆိုင်သူ (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora