Hate(15)(Z+U)

481 56 16
                                    

သူငယ်ချင်းဖြစ်သူ Sehunရဲ့ နာကြည်းမုန်းတီးမှုကို နားလည်ပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း အသက်ကြီးမှအချစ်ရူးကြီးဖြစ်နေသည့် သူဌေးKimကို Kyungsooသနားမိပါသည်။

သူတို့နှစ်ယောက်အတွက် တစ်နေရာလေးမှာမှ ဆုံမှတ်မရှိနိုင်တော့ဘူးလား...

''နေရတာ အဆင်ပြေရဲ့လား Do Kyungsoo...! လိုအပ်တာရှိရင် ကိုယ့်ကိုပြောပါ...''

မီးဖိုဆောင်ထဲတွင် ညနေစာချက်ပြုတ်ရန်အတွက် ပြင်ဆင်နေသည့် သူရှိရာနေရာသို့ Sehunဝင်လာကာ မေးနေခြင်းဖြစ်သည်။

''ဒီလိုပါပဲ... ကိုယ်အဆင်ပြေပါတယ်....Sehun...! လိုအပ်တာမရှိအောင်လည်း သူဌေးKimက ပြင်ဆင်ပေးထားပါတယ်...''

''အဲ့ဒီအဖိုးကြီးနဲ့ မင်းရဲ့အခြေအနေကရော ဘယ်လိုရှိလဲ..!?''

''သူက မင်းကိုသိပ်ချစ်တာ Hun....''

''အဟင်း...! ကိုယ်သိတယ်လေ.....?''

သူ့စကားအား လှောင်ပြောင်သရော်သည့်ဟန်ဖြင့် မျက်လုံးလေးဝင့်ကာမေးနေသည့်Sehunကြောင့် သူသက်ပြင်းမောကြီးအား မှုတ်ထုတ်လိုက်ပါသည်။

''ဟူး...... မင်းဘက်က နားလည်ပေးဖို့ မကြိုးစားတော့ဘူးလားSehunရာ..!!''

''အဲ့ဒီအဖိုးကြီးရဲ့ ချစ်ခြင်းမေတ္တာတွေကို ငါ့အစားနားလည်ပေးဖို့ မင်းကိုခေါ်လိုက်တာလေ Do Kyungsoo...''

''ငါ....''

''တော်တော့ Kyungsoo...! အဲ့ဒီအဖိုးကြီးနဲ့ မင်းရဲ့အခြေအနေအမြန်ဆုံးတိုးတက်လာဖို့ပဲ ငါမျှော်လင့်တယ်... သတင်းကောင်းကို ငါအမြန်ဆုံးကြားချင်တယ် အဲ့ဒါမင်းတာဝန်ပဲ...ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်သာ ကြိုးစားပါ တကယ်လို့ အဖိုးကြီးရဲ့ထောက်ပံ့ကြည့်ရှုမှုထက် လိုအပ်တာတွေရှိလာရင် ကိုယ့်ကိုပြောပါ..! ကိုယ်သွားပြီ...''

ပြောချင်တာပြောပြီး Sehunက သူ့အနားမှ ပြန်ထွက်သွားခဲ့ပါသည်။

''Do Kyungsoo~~~''

မထင်မှတ်ပဲ တံခါးအကွယ်မှထွက်လာသည့် သူဌေးKimကြောင့် ခြေဖျားလက်ဖျားများ အေးစက်တောင့်တင်းသွားပြီး နေရာမှာတင် Kyungsoo ကျောက်ရုပ်ကြီးလို ရပ်နေမိပါသည်။

Hate (completed)Where stories live. Discover now