လှည်းသည် ခရီးဦးတည်ရာသို့ အမြန်ဆုံးရောက်ရန်အတွက် အသင့်တော်ဆုံးနည်းလမ်းမဟုတ်ပါပေ ။ ၀ူရှင်းကျီ၏ ကျန်းမာရေးအခြေအနေကိုထည့်သွင်းစဉ်းစားရာတွင် ဟေးအာကအထူးဂရုပြုပြီးရွေးချယ်ခဲ့ခြင်းဖြစ်သည် ။ သူတို့ ထွက်ခွာလာပြီး တတိယမြောက်နေ့ညနေဖက်တွင် ကျန်ခဲ့သည့် သူသုံးယောက်ကသူတို့မြင်းနှင့်လိုက်မှီလာသည် ။
ထိုအရပ်မြင့်မြင့်မားမားနှင့်အားကောင်းမောင်းသန် ယောက်ျားလေးယောက်က စစ်မြေပြင်မှာ အလွန်တရာ ပြတ်သားလိမ့်မည်ဆိုတာယုံမှားသံသယရှိစရာမလိုချေ ။ သူတို့၏ မျက်နှာသွင်ပြင် အေးစက်ပြီးခက်ထန်နေသည် ။ သူတို့ရုပ်ရည်လက္ခဏာမှာကြည့်ကောင်းကြသော်ငြား သူတို့၏အေးစက်နေသည့်အမူအရာက ထိုအရာကိုဖော်ပြ မရနိုင်ခဲ့ပေ ။ ထို့အပြင်သူတို့၏မျက်လုံးအနားသားမှာတောင် မျက်သားကနီနေတာကိုမြင်နိုင်သေးသည် ။ သူတို့ထဲကတယောက်ဆိုလျှင် မျက်နှာမှာကန့်လန့်ဖြတ်ဓားဒဏ်ရာတခုရှိနေသေး၏ ။
၀ူရှင်းကျီမှာလှည်းပေါ်တွင် ကျုံ့ကျုံ့လေးနှင့် ငြိမ်ဆိမ်စွာထိုင်နေခဲ့သည် ။ သူကအမြဲတမ်းနာခံလွယ်ပြီး တုန်လှုပ်တက်သူဖြစ်တာကြောင့် သူတို့အချင်းချင်းပြောနေကြသည့် စစ်ပွဲများတွင်အချိန်အများကြီးကုန်ဆုံးခဲ့ရသည့် သူတို့၏တိုက်ပွဲတုန်းက အတွေ့အကြုံတွေကိုဖလှည်နေကြသည်ကို မသိသလိုသာနေလိုက်ပြီး တခြားနေရာတွေကိုသာမျက်စိလွှဲနေဖြစ်ခဲ့သည် ။ သူ၏ခံစားချက်ကိုကြောက်ရွံ့ခြင်းဟုလဲခေါ်၍မရပေ ။ ထိုထက်ပိုပြီးပြောနိုင်တာက သူကထိုလူတွေအပေါ်လေးစားခြင်းနှင့်ရိုသေခြင်းကိုပြသခြင်းဖြစ်သည့်အပြင် နောက်တခုရှိတာက သူကထိုလူတွေနှင့်မည်ကဲ့သို့ပြောဆိုဆက်ဆံရမည်ကိုမသိခြင်းကြောင့်လဲပါသည် ။
ကံကောင်းစွာဖြင့် ထိုသက်တော်စောင့်လေးယောက်လုံးက သူ့အကျင့်စရိုက်ကိုနားလည်ကြသည် ။ ထို့ကြောင့် သူတို့ကတိတ်တဆိတ် သူတို့မြင်းတွေကိုစီးပြီးတော့ သူ့ကိုစောင့်ရှောက်ရင်းလိုက်လာကြတာဖြစ်၏ ။ သူ့မှာ ဟေးအာအပြင်စကားလာပြောသူမည်သူမှမရှိပေ ။ အမှန်တကယ်က သူတို့အားလုံးကိုလက်ထောက်စစ်သူကြီးချုပ်မန်ယွဲ့ ညွှန်ကြားချက်ပေးထားခဲ့သောကြောင့်ဖြစ်သည် ။ သူတို့တွေကနောက်ကွယ်ကအကြောင်းအရာကိုနားမလည်ပေမယ့် သူတို့ကညွှန်ကြားချက်ကိုတော့လိုက်နာစဲဖြစ်သည် ။
BẠN ĐANG ĐỌC
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
Hài hướcStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...