ရှောင်ကျန့်...ရှောင်ကျန့်.."
"......"
"ဟဲ့ခေါ်နေတာမကြားဘူးလား..."
"လာပြီ..ဘာလို့လဲဗျ.."
စောစောစီးစီးမိန်းကလေးအသံကြားတာကြောင့်အခန်းတံခါးဖွင့်ပေးလိုက်တော့ချင်ချင်ဖြစ်နေတယ်...
"ငါဒီနေ့သူငယ်ချင်းတွေနဲ့ခရီးတိုလေးသွားမလို့အဲ့တာစုရပ်ကိုလိုက်ပို့ခိုင်းမလို့လေမင်းကဘယ်လိုတောင်အိပ်နေတာလဲ..."
"မင်းသွားချင်ရင်ကို့ဘာသာသွားပါလားဒါလူအိပ်ချိန်လေ..."
"နင်ကများပြန်ပြောနေသေးတယ်ခိုင်းရင်လုပ်လိုက်ပေါ့..."
"ဘာဖြစ်နေကြတာလဲ.."
အသံတွေကြောင့်နိုးလာပုံရတဲ့ရိပေါ်ကဘေးခန်းကနေထွက်လာတယ်....
"ဒီမှာေလသူငယ်ချင်းတေနဲ့ချိန်းထားတဲ့နေရာကိုလိုက်ပို့ခိုင်းတာပြန်ပြောနေလို့..."
"ဒရိုင်ဘာရှိသားပဲကျဲရယ်...သူ့ကခိုင်းဖို့ခေါ်ထားတာမဟုတ်ဘူး..."
"သူ့ဘာသာဘာကြီးပဲဖစ်ဖြစ်ဒီမှာအလုပ်လုပ်သရွေ့ကလက်အောက်ငယ်သားပဲ...သူကပဲကြီးကြီးကျယ်ကျယ်တွေပြောရတယ်ရှိသေးတယ်...နင့်အချိုးကိုကြည့်ပြင်ထားရှောင်ကျန့်..."
ချင်ချင်ကသူ့ကိုလက်ညိုးထိုးပြောဆိုသွာတာကြောင့်ရှောင်ကျန့်ယောကျာ်းတန်မဲ့မျက်ရည်ကျရပြန်ပါတယ်....
"ကိုကိုငိုနေတာလား..."
"ဟင့်...သူကဘာလို့ကိုကို့ကိုအဲ့လောက်ထိပြောဆိုနေရတာလဲ..."
"ကျဲကအဲ့လိုပဲနဲနဲဆိုးလို့ပါသွားပြန်အိပ်တော့နော်..."
"မင်းကအမြဲတမ်းမင်းဟာမဘက်ကပဲပါတယ်ရိပေါ်..."
"ကိုကို!!ဘယ်လိုတွေပြောလိုက်တာလဲ..စကားကပြောတိုင်းကောင်းတာမဟုတ်ဘူးနော်..."
ရှောင်ကျန့်ကပြန်မပြောဘဲတံခါးကိုဒုန်းခနဲအသံမြည်အောင်ပိတ်ရင်းအခန်းထဲပြန်ဝင်သွားသည်.....
နေ့ခင်းလောက်ကျရိပေါ်ကရှောင်ကျန့်အခန်းရှေ့ဆီတခေါက်ထပ်လာပြီးတံခါးခေါက်တယ်...
YOU ARE READING
Forever and a day(completed)
Romanceငယ်ငယ်ကမှားယွင်းသိခဲ့တဲ့အကြောင်းအရာတွေကြောင့်ကိုယ်တိုင်ပြောင်းလဲပြစ်ခဲ့ရပြီးနာကျင်မှုတွေတွေပြည့်နှက်နေတဲ့ကောင်လေးနဲ့အမြဲတမ်းအတွက်မင်းကိုပဲရွေးချယ်ထားတာပါဆိုတဲ့သူ့ရဲ့ကိုကို..........