Unicode
"အဟက်...မတွေ့တာ အရမ်းကြာနေခဲ့ပြီနော် အကိုတော်။ကျွန်တော်တို့လည်း အခုမှဘဲ အသေအချာ ဆုံဖြစ်ကြတော့တယ် ဟုတ်တယ်မလား...''
ရှုဖုန်း၏ အရှေ့မှ အသင့်ဝန်းရံထားပေးကြသည့် ရဲမက်များနှင့် ချင်းလန်ရင်းမှာ ခြေခုနှစ်ခန့်သာ ကွာဝေးသည်။ရှုဖုန်းထံသို့ ပစ်ခွင်းလိုက်သည့် မြားတံတစ်ချောင်းသာ ပိုင်ဆိုင်ထားခဲ့ပုံရပါသည်။ရှုဖုန်း၏ နားစပ်က မြားထိမှန်သွားလေသည့် ဒဏ်ရာကို လှမ်းကြည့်လိုက်ရင်း သူ၏ မြားအိမ်ကိုလည်း ရဲမက်များ၏ အရှေ့သို့သာ ပစ်ချပေးလိုက်တော့ကာ သိပ်ကို နှမြောတသသ ဖြစ်နေဟန် လုပ်ကြံထားသည်က သိသာလှသည့် မျက်နှာပေးလေးနှင့်ဘဲ ဆိုလေတော့သည်။
"အိုက် ယိုး ဝေး...တကယ့်ကို နှမြောစရာကောင်းလိုက်တာဗျာ...ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ဒီမြားတံလေးတစ်ချောင်းဘဲ ရှိတော့တာကို...''
အစောပိုင်းက ပစ်ခွင်းလိုက်သည့် မြားဦးကြောင့်လည်း ရှုဖုန်း၏ နားစပ်နားမှ သွေးများက လှိုက်လှိုက်ဖျာဖျာ စီးကျနေသည်။သွေးသံရဲရဲ ဖြစ်နေပေသည့် နားစပ်မှ နာကျင်မှုက ရှုဖုန်းအတွက်တော့ အရာပင် မထင်လိုက်သလို။ခပ်ထေ့ထေ့ လှောင်ပြုံးမျိုးဖြင့်ဘဲ သူကလည်း ချင်းလန်းထံသို့ တုန့်ပြန်စကား ဆိုလေသည်။
"အရင်တစ်ခေါက်က အရဲစွန့်ပြီး ပုန်ကန်တာလေးက မစို့မပို့လောက် အောင်မြင်သွားတာကိုများ ကောင်းကင်ကြီးကို ဒူးနဲ့ လှမ်းတိုက်နိုင်လိုက်သလို တစ်လျှောက်လုံး ဂုဏ်တစ်ယူယူနဲ့ကို တွေးနေခဲ့တဲ့ပုံဘဲ...အဟက် အပျက်မသားကများ!ဘာလဲ...သေခါနီးပြီဆိုတော့ နောက်ဆုံး တစ်ကြိမ်လောက်ဘဲဖြစ်ဖြစ် တရိုတသေ ခေါ်ပေးပြီး ကံထပ်စမ်းကြည့်ဖို့ လုပ်ချင်နေပြန်ပြီလား?အဲ့ဒါကြောင့်မို့ အကိုတော်ဆိုပြီး မြားနဲ့ လူကို ဦးတိုက် နှုတ်ဆက်လိုက်တာပေါ့ ဟုတ်ရဲ့လား...''
"အဟား...ဘာလဲဗျာ။ဒီအပျက်မသားကဘဲ မြင့်မြတ်လွန်းပါတယ်ဆိုတဲ့ အကိုတော်ရဲ့ ဘဝကြီးကို ဖျတ်ဆီးပစ်ထားခဲ့တော့ စိတ်ထဲမှာ သည်းမခံနိုင်တော့ဘူးလား?မျက်နှာချင်း ဆိုင်လိုက်မိတာနဲ့ လူကိုတန်းဆဲရေးတာ အသွေးအသားတွေ ပေါက်ထွက်မလို့တောင် ခံစားခဲ့ရမှာဘဲ ဟုတ်ရဲလားဗျ...''
YOU ARE READING
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Historical FictionCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...