My vicious Boss (Zawgi)
"သားငယ်လေး ပြေးပြေး လွတ်အောင်ပြေး
မေမေ.. ဟင့်အင်း မေမေ.....ပြေးသားလေး ပြေး
မေမေ
ပြေးတော့သား....
မေမေ!!!...."လာပါကွာ ရှိန်းစစ် ရာ မြန်မြန်သွားရအောင် နင့်မို့ဆို ငါတို့သေလိမ့်မယ်ကွ
ဟင့်အင်း ငါ့မေမေ ငါ့မေမေ
အန်တီက ဆုံးပြီလေကွာ
ဘာကွ မေမေက မဆုံးသေးဘူး မေမေက ညတိုင်းငါ့ကို သီချင်းဆိုသိပ်နေကြကွ မင်းမဟုတ်တာတွေမပြောနဲ့ ထက်သာ"ငါမဟုတ်တာတွေပြောတာမှမဟုတ်ပဲကွာ
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ မင်းမျက်စိရှေ့တင် မင်းမေမေ မိုင်းနင်းမိတာလေကွာ""ထက်သာ!!!!"
"လာပါ ရှိန်းစစ် ရာ ခနနေ ငါတို့ တစ်ဖက်နိုင်ငံကို ကူးနိုင်တော့မှာကွ လာပါကွာ"
"ဟင့်အင်း ငါမလိုက်နိုင်ဘူး ငါ ဒီမှာပဲနေမှာ သေပါစေ ဟုတယ် ငါဒီမှာပဲသေရမယ် ဒါမှငါ့မေမေနဲ့တူတူနေရမှာ""ကြည့်ကြတော့ဗျာ သူ့ဘ၀လေးက သနားစရာပါ ငယ်ငယ်လေးထဲက ဖခင်ရဲ့ စွန့်ပြစ်ချင်းကိုခံခဲ့ရပြီး လူမသိသူမသိ တိတ်တိတ်ပုန်းမွေးခဲ့ရသည်။ အကြောင်းမှာ ရှိန်းစစ် မေမေက သူဌေးသမီး ဖြစ်ပေမယ့် ကျွန်တစ်ယောက်နဲ့ရခဲ့တဲ့ ကိုယ်ဝန်မို့ ရှိန်းစစ် မေမေရဲ့ မိဘတွေက ကိယ်ဝန်ကိုလက်မခံ ထို့အပြင် ရှိန်းစစ်ဖေဖေကလည်း ရှိန်းစစ်မေမေရဲ့ မိဘတွေကို လက်စားစေချင်မှုကြောင့် ရှိန်းစစ်မေမေကို အရကြံခဲ့သည် နောက်ဆုံး ဗိုက်တစ်လုံးနှင့်ထားခဲ့သည်။
ရှိန်းစစ်မေမေရဲ့ မိဘတွေက ကိုယ်ဝန်ဖျက်ချခိုင်းသော်လည်း ရှိန်းစစ်မေမေက ဖျက်မချပဲ
ရှိန်းစစ်ကိုမွေးခဲ့သည် ။ထို့ကြောင့်လည်း အမြွေပတ်စွန့်လွှတ်ခံခဲ့ရသည်။ ရှိန်းစစ်မေမေက အာဂအမျိုးသမီးပါဗျာ။ သူဌေးသမီးဆိုတော့ ဘာမှမလုပ်တက် ရရာအလုပ်လေးဝင်လုပ် ရှိန်းစစ်ကိုတော့ ကျွန်တော့်မေမေဆီ အပ်ခဲ့သည်
ကျွန်တော်နဲ့ရှိန်းစစ်က နို့စို့ဖက်ညီကိုတွေဗျ
ရှိန်းစစ်လေး နေမကောင်းတုန်းကဆို အရူးမကြီးလိုပဲ တစ်ရပ်ကွက်လုံးကို အကူညီလိုက်တောင်းတာ
အရမ်းသနားဖို့လည်းကောင်းတယ် ပျော်ဖို့လည်းကောင်းတယ် သားအမိ ၂ယောက်ထဲမို့ ပြင်းရမယ်မထင်နဲ့ အရမ်းအေးချမ်းတဲ့မိသားစုလေး တစ်နေ့ပေါ့ မှတ်မှတ်ရရ ရှိန်းစစ်လေး၈တန်းနှစ်လောက်က သူ့ဖေဖေဆိုတဲ့သူ ရောက်လာခဲ့တယ် ရှိန်းစစ်မေမေကို လာခေါ်တာတဲ့ ရှိန်းစစ်ကိုထားခဲ့ပြီး သူနဲ့လိုက်ခဲ့မို့
တော်တော်လူမဆန်တာပဲ ရှိန်းစစ်မေမေက အဲ့လူကြီးကို ပါးရိုက်လိုက်ပြီး နောက်ခါထပ်မလာဖို့ ဖြစ်နိုင်ရင် တစ်သက်လုံးမလာစေချင်ကြောင်း ပြောကာ နှင်ထုတ်လိုက်သည်။ ကျွန်တော်က အဲ့နေ့က နေမကောင်းတော့ ကျောင်းမသွားဘူးဗျ အဲ့တော့ ဘေးချင်းကပ် ထရံပါးအိမ်လေးက ပြောသမျှအကုန်ကြားနေရတယ် ဆိုပါတော့
ရှိန်းစစ်လေးကတော့ခုထိမသိရှာ ဖြူစင်လွန်းတဲ့ကလေးလေးမှာမှ အဲ့လိုဒုက္ခတွေကြုံနေ တယ်လို့ဗျာ အခုဆို ကျွန်တော်နဲ့ရှိန်းစစ်လေး 10 တန်းအောင်ရုံရှိသေး အာဏာရူးတစ်သိုက်ကြောင့် ပြည်တွင်းစစ်တြွေဖစ်လို့ ထွက်ပြေးတိမ်းရှောင်နေရသည်။မကြာခင် ထိုင်းနယ်စပ်ရောက်တော့မည်။အော် ရှိန်းစစ် နာမည်အပြည့်စုံက
"ရှိန်းစစ်သော်"
ကျွန်တော့်နာမည်က "ထက်သာအောင်"ရှိန်းစစ်ရဲ့ငယ်သူငယ်ချင်းပေါ့
YOU ARE READING
My vicious boss
Romanceကိုယ်နေတဲ့တိုင်းပြည်မှာ စစ်ဖြစ်လို့ ပြေးရှောင် ထွက်ပြေးရင်း တိုင်းတစ်ပါးသို့ရောက်သွားခဲ့သည့်ကောင်လေး ကံကောင်းချင်တော့ သူဌေးကြီးတစ်ဦးထံမှာ အလုပ်ရခဲ့သည် သို့သော် ပြန်ရောင်းစားခံလိုက်ရသောအခါ🙂 ဘာဆက်ဖြစ်မလဲ😁 သိချင်ဆက်ဖတ်ကြည့်လိုက်တော့😘😘