Unicode

185 20 19
                                    


"ချန်ရစ်ခဲ့​လေ​သော ကျန်ရစ်နှလုံးသား"

December ရဲ့ မနက်ခင်းတစ်ခုမှာ သူရလင်း ​စော​စောစီးစီးနိုးလာခဲ့သည်။ချမ်းစိမ့်စိမ့်​ကြောင့် အိပ်ယာထဲမှာပဲ​ကွေးပြီးလိုင်းသုံး​နေဖို့စိတ်ကူးကာ ဖုန်းကိုစမ်းယူလိုက်ပြီး mobile data ကို on လိုက်​လေသည်။

တင်!!! ခနဲမြည်လာတဲ့ အသံနဲ့အတူ viber မှာဝင်လာတဲ့စာတစ်​စောင်။ Contact name က ကိုထူးထက်မြတ်တဲ့...။

"Morning ညီ​

အ​စောကြီးနိုး​နေတာလား"

"ဟုတ် အကို​ရော"

"အကိုက မနက်ပိုင်း training ရှိ​လို့​​လေ ။မနက် ၅ နာရီကပဲထ​ပြေး ​လေ့ကျင့်ခန်းဘာညာလုပ်ရတာ"

ကိုထူးထက်မြတ်က ပြင်ဦးလွင်မှာ DSA သင်တန်းတက်နေတာဖြစ်သည်။

"ဝိုး အ​စောကြီးပဲ။ ကျွန်​တော်ဆို ထနိုင်မှာမဟုတ်ဘူး"

"ညီကအိပ်ပုတ်လေးပဲဟာ။ညီ ကိုယ်​ပြောထားတာစဥ်းစားပြီးပြီလား။ဘယ်လိုသ​​ဘောရလဲဟင်"

မေးလာသူကိုပြန်​ဖြေဖို့ရာ စဥ်းစားရင်း သူတို့နှစ်​ယောက်အ​ကြောင်းက​ခေါင်းထဲ​ပေါ်လာ​တော့သည်။ကိုထူးထက်မြတ်နဲ့ သူရလင်းနဲ့က တစ်မြို့တည်းသားချင်း​တွေဖြစ်သည်။တစ်မြို့တည်းသားချင်းဆို​ပေမယ့် အပြင်မှာတစ်ခါမှမ​တွေ့ဖူးခဲ့​ပေ။

ဒါကလည်း သူရက ရှစ်တန်းအထိကိုရွာမှာပဲ​ကျောင်းတက်ပြီး ကိုးတန်းဆယ်တန်း​ရောက်မှမြို့မှာလာတက်ရသည်။အထက်တန်းတက်ခဲ့တဲ့​ကျောင်းချင်းတူပါလျှက်နဲ့​တောင် မသိခဲ့ဘူးဆိုတာက ကိုယ်အထက်တန်းတက်နေတဲ့အချိန်မှာ သူက တက္ကသိုလ်​ကျောင်းသားဖြစ်​နေခဲ့ပြီ။သူရတက္ကသိုလ်တတ်ဖို့ ပုသိမ်ကိုစ​ရောက်​တော့ အကို့ဘက်ကဖုန်းမှား​ခေါ်ရာက​နေသိခဲ့ကြခြင်းဖြစ်သည်။​

နောက်ပိုင်းခင်လာမှသူက သူရလင်းကို ဖုန်းမှား​ခေါ်မိတာမဟုတ်​ကြောင်း၊သူရဆယ်တန်းတုန်းကစက်ဘီးနဲ့​ကျောင်းတက်တာကိုမြင်ပြီး သ​ဘောကျမိ​သော​ကြောင့် ဖုန်းနံပါတ်မရမက စုံစမ်းကာ ​လေလှိုင်းထဲက​နေပိုးပမ်းမိ​ကြောင်း​ပြောပြသည်။သူက ကိုယ့်ကိုမြင်ဖူးတယ်လို့​ပြောလာ​ပေမယ့် ကိုယ့်ဘက်က​တော့ သတိ​တောင်မထားမိ​ခဲ့​ပေ။

ချန်ရစ်ခဲ့​လေ​သော ကျန်ရစ်နှလုံးသား (One Shot)Where stories live. Discover now