Unicode
နယ်မြေကိုးပါးခန်းမကကိုယ်စားလှယ်တွေရောက်လာတာကအရေးကြီးကိစ္စဖြစ်ပြီးတော့သူတို့ရောက်လာတာနဲ့ကျောင်းကသူတွေလည်းခွက်ခွက်လန်ရှုံးလေ့ရှိတယ်ကျောင်းကတော့အတတ်နိုင်ဆုံးသည်းခံနေပြီးသူတို့ကျောင်းသားတွေကိုလေ့ကျင့်ပေးဖို့ပဲတတ်နိုင်ကြတယ်
ရှီရှန်းကခနလောက်စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပေမဲ့သူမစိတ်ကလုံးဝတော့မလျှော့လိုက်နိုင်သေးဘူး
ကျောင်းကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့အတွက်ဆရာတိုင်းမှာ မဲပေးရွေးခွင့်ရှိတယ်
သူဖုန်းစားဦးလေးက ရှီရှန်းကို အရွေးမခံရစေဖို့ကျုံးရှီရိနဲ့ သွားပြီးညှိနှိုင်းပေမယ့် အဆင်မပြေဖြစ်လာတယ်
အဲ့လိုနဲ့ပဲ သူတို့တွေတိုက်ကြခိုက်ကြတယ်...ဒါပေမယ့် သူဖုန်းစားဦးလေးကရှုံးသွားပြန်တယ်"ယောင်ကွမ်း...ဆရာ မင်းကိုမကယ်နိုင်လိုက်ဘူး.."
သူဖုန်းစားဦးလေးက ရှီရှန်းကို သနားစဖွယ်ကြည့်လိုက်တယ် မသိရင် သူမက သေမိန့်ကျခံလိုက်ရတဲ့အတိုင်းပဲ'အား...ဟုတ်တော့ဟုတ်သားပဲ....အရွေးခံလိုက်ရတဲ့သူတွေအတွက်တော့ ဒါက သေမိန့်နဲ့မခြားနားဘူးလေ..'
ကျောင်းတော်က ကုန်းမြေကိုးပါးခန်းမကို အင်အားအရာမှာမယှဥ်နိုင်တဲ့အတွက် တကယ်လို့ ပြိုင်ပွဲ၀င်တွေမှာ အရည်အချင်းအရမ်းရှိနေရင်တောင် သူတို့ကို ရန်သွားစမိလိုက်လို့မဖြစ်ဘူး..
"ရပါတယ်...ချင်လန်ယွဲ့ကိုပါ ရွေးလိုက်ပေါ့...သေရမယ်ဆိုရင်တောင် သူ့ကိုပါအပါခေါ်သွားမယ်.."
'ငိုနေလို့ ဘာအသုံးကျမှာလဲ...'ကျန်တဲ့ပြိုင်ပွဲ၀င်တွေအတွက်တော့ ကျောင်းသားတွေရဲ့ မဲပေးစနစ်နဲ့ရွေးချယ်တယ် .. ရွေးခံရပြီလား??? သူများမျက်စိနောက်အောင်နေထားတဲ့ကိုယ့်ကိုကိုယ်သာအပြစ်ပြန်တင်လိုက်တော့....
"ဒါပေမယ့်.." ယဲ့ထျန်းနန်က ချီတုံ့ချီချ ဖြစ်စွာပြောလိုက်တယ်
"...ဆရာ့ရဲ့မဲက သုံးပြီးသွားပြီ.."
STAI LEGGENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.