Unicode
ရှီရှန်းက ကျောင်းကိုပြန်လာတယ် သူမကပုကျင်းယွင်ထွက်ပြေးသွားမှာကိုစိတ်ပူပြီး သူ့ကိုပါသူမနဲ့တစ်ပါတည်း အတူတူခေါ်လာခဲ့တယ် အဲ့ဒါကြောင့် နဂိုထဲက ကျော်ကြားပြီးသားရှီရှန်းက ပိုလို့တောင် နာမည်ကြီးလာတယ်
သူမကပြသနာတွေဆက်တိုက်ရှာနေတာကြောင့် အကြီးအကဲကသူမကို ကျောင်းထုတ်ပစ်လိုက်ချင်တယ် ဒါပေမယ့် သူမရဲ့အနောက်မှာ ရှန့်မိသားစုရှိနေသေးတယ် ရှန့်မိသားစုက သူမနဲ့ပတ်သတ်ပြီးဘာမှမပြောသေးတာကြောင့် သူတို့အနေနဲ့ဘာမှမလုပ်ရဲသေးဘူး ဘာပဲဖြစ်ဖြစ်လေ ရှန့်ယောင်ကွမ်းက ရှန့်မိသားစုရဲ့ အကြီးဆုံးသမီး ဖြစ်နေတုန်းပဲ...ကျောင်းကသူမကို တိုက်ရိုက်ထုတ်ပယ်လိုက်မယ်ဆိုရင် ရှန့်မိသားစုကိုပါ အပြစ်ပြုမိရာကျလိမ့်မယ်"မမလေး!!!မမလေး!!! " ရှီရှန်းနဲ့ပုကျင်းယွင်တို့လမ်းလျှောက်နေကြတုန်းမှာ တစ်စုံတစ်ယောက်ကသူမဆီပြေးလာတယ်
ရှီရှန်းက ဒီအသံကိုရင်းနှီးနေတယ်လို့ထင်တာကြောင့် လှည့်ကြည့်လိုက်တယ်
'ငါထင်သားပဲ...အဲ့အသံက ရှန့်ကျင်းရဲ့အသံ..'"ဘာလဲ.." ရှီရှန်းရဲ့အသံက ငြင်သာမနေဘူး..
ရှန့်ကျင်းက သူမကိုအရိုအသေပေးပြီးပြောလိုက်တယ် "၃ရက်ကြာရင် ရှန့်မိသားစုက ဦးဆောင်ပြီးကျင်းပရမယ့် ညစာစားပွဲတစ်ခုရှိတယ်...မမလေး အိမ်တော်ကို ပြန်လာမှဖြစ်မယ်..."
အရင်တစ်ခါ ဇာတ်လိုက်မနဲ့ပြသနာတက်ပြီးကတည်းက ရှန့်ကျင်းက ရှီရှန်းကိုသိပ်မတွေ့ရတော့ဘူး သူမကရှန့်အိမ်တော်ကို ရှားရှားပါးပါးနေမှ တစ်ခါနှစ်ခါလောက်ပဲပြန်လာပြီး သူတို့တွေနဲ့လည်း အရင်လိုရောရောနှောနှောမနေတော့ဘူး...
"ညစာစားပွဲ??? ဘာညစာစားပွဲလဲ "
'ငါထင်နေတဲ့ဟာတော့မဟုတ်လောက်ပါဘူးနော်..'ရှန့်ကျင်းက သူမကို ရိုသေစွာပြောလိုက်တယ်
"အိမ်တော်တစ်ရာ စုဝေးပွဲ... ဒီနှစ်မှာ ရှန့်အိမ်တော်က ညစာစားပွဲကိုလက်ခံကျင်းပရမှာပါ..မမလေးက ရှန့်အိမ်တော်ရဲ့ အကြီးဆုံး တိသမီး ဖြစ်တာကြောင့် ညစာစားပွဲမှာ မမလေးရှိနေဖို့ အရေးကြီးပါတယ် "
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.