Unicode
ဒီကြက်သွေးရောင်အသဲနှလုံးရဲ့ပုံပြင်ကအရမ်းကိုဆွေးမြေ့ဖို့ကောင်းတယ်
သူကယောကျ်ားတစ်ယောက်အကြောင်းကနေစတင်ခဲ့တာဖြစ်တယ်တစ်ခါတုန်းကလက်ထပ်ထားတဲ့ဇနီးမောင်နှံတစ်တွဲရှိတယ် တစ်နေ့မှာခင်ပွန်းဖြစ်သူကဇနီးအပေါ်သစ္စာဖောက်သွားတယ်
ကံမကောင်းစွာနဲ့ဇနီးဖြစ်သူမိသွားပြီးတော့သူမကဒေါကထွက်လွန်ပြီးသူ့ခင်ပွန်းနဲ့မယားငယ်ကိုသတ်မိမလိုဖြစ်သွားတယ်ဇနီးဖြစ်သူကအမုန်းတရားတွေကိုချုပ်တည်းထားပြီးတော့လက်စားပြန်ချေဖို့လုပ်တယ်နောက်ဆုံးမှာတားမြစ်ကျိန်စာတစ်မျိုးကိုတီထွင်နိုင်သွားပြီး အဲ့ဒါရဲ့နာမည်က ကြက်သွေးရောင်နှလုံသား ပဲ
အဲ့မှော်ပညာက ယောကျ်ားလေးတွေအပေါ်မှာပဲသက်ရောက်မှာရှိတယ် သူက ပြင်းထန်နာကျင်မှုဝေဒနာကိုခံစားရစေပြီးတော့နာကျင်မှုကိုလျှော့ချဖို့အတွက်အမျိုးသမီးတစ်ယောက်ရဲ့သွေးကိုသောက်ရတယ်
ကျိန်စာကိုခံစားရချိန်မှာ ပထမဆုံးသောက်မိတဲ့မိန်းကလေးရဲ့သွေးကသာ ဝေဒနာကိုသက်သာစေပြီးအခြားမိန်းကလေးရဲ့သွေးကအလုပ်မဖြစ်တော့ဘူးဇာတ်လမ်းထဲမှာတော့ခင်ပွန်းဖြစ်သူကမယားငယ်ရဲ့သွေးကိုနေ့တိုင်းသောက်ခဲ့ပေမဲ့သေဆုံးသွားတယ် ဒီဇာတ်လမ်းကနေစပြီးတော့သစ္စာမရှိတဲ့ယောကျ်ားတွေမှာဒီကျိန်စာပေါ်လာခဲ့တယ်
ဒါပေမဲ့......
'ပုကျင်းယွင်မှာ ဘာလို့ဒီကျိန်စာပေါ်လာရတာလဲ, သူဘယ်သူ့များအပြစ်ပြုမိလို့လဲ...'
ပြီးတော့ကျိန်စာကဝေဒနာသက်သာဖို့တစ်ဦးတည်းသောမိန်းကလေးလည်းမလိုပါဘူး,ဘယ်သူမဆိုရပါတယ်' ရှီရှန်းကတွေးနေရင်းနဲ့တစ်ခုခုကိုအမှတ်ရပြီးစာအုပ်ကိုလွှတ်ပစ်လိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျိန်စာပြေဖို့နည်းလမ်းရဲ့နောက်ဆုံးအပိုင်းကအဖြဲခံထားရတော့အသုံးမဝင်ဘူး
ရှီရှန်းကလူသတ်ချင်စိတ်တွေပါပေါက်လာတယ်.......
သူတို့ရဲ့မြို့တော်သခင်ကသိပ်ပြီးဆီဆီလျော်လျော်မရှိတာကြောင့်လူထွားကြီးကအတွင်းစိတ်ကနေပဲစိတ်ပူနေရတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.