Part-53လောင်းကစား/ေလာင္းကစား

5.1K 720 14
                                    

Unicode

တောင်အမြင့်ပေါ်ကနေ မျှော်လင့်ချက်မဲ့စွာ ပြုတ်ကျသွားခဲ့ရသည့် ချင်းလန်ရင်းက နောင်တလည်း မရခဲ့မိသလို ရှောင်ယွီ၏ အပေါ်၌လည်း အပစ်တင်စိတ် အလျှင်းကင်းခဲ့ပါသည်။ရှောင်ယွီ သူ၏အပေါ်မှာ အချိန်တိုင်းလိုလို အနွံတာခံကာ ဖြည့်ဆည်းပေးခဲ့သည်များကလည်း တကယ်ကို နည်းနည်းနောနောမှ ဟုတ်မနေခဲ့ခြင်းကို။

သို့သည်နှယ်ပေါ့ ထပ်မံ၍ အသက်ရှင်သန်ခွင့်ရှိဖို့ သူ့မှာ ဘယ်လောက်ဘဲ မျှော်လင့်ချက်မဲ့နေပါပြီဟု ထင်ဆရပါစေဦး
မလောက်လေးမလောက်စား ခန္ဓာကိုယ်သေးသေးလေးနှင့် သူ့ကိုတက်ခွချင်တယ်ဟုသာ တစ်ချိန်လုံး ပြောဆိုနေခဲ့လေသည့် အီတီတီ အသံလေးကိုလည်း တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ နားထောင်ချင်မိပါသေးရဲ့လေ။

မည်သို့ဘဲ အသက်ရှင်ဖို့က မဖြစ်နိုင်တော့ဘူးဆိုပါစေ ပြီးခဲ့သည့် နှစ်နာရီလောက်ကဘဲ ဖူးယာကို သူကတိပေးထားခဲ့မိသည့် ''ကိုယ်သေမှာ မဟုတ်ဘူး”ဆိုသည့် လောင်းကစားဆန်ဆန် ကတိကဝတ်လေးကိုလည်း ဖြည့်ဆည်းပေးချင်မိသေးသည်။

ယခုအချိန် ဖူးယာရော...တောင်အောက်သို့ အန္တရာယ်ကင်းကင်းနှင့်မှ ဆင်းသက်သွားနိုင်ရဲ့လားဆိုသည့် ထိုအတွေးများဖြင့်ပင်...

ဗွမ်း...!

------------------------------------

ဗွမ်း...!

ဖူးယာ ကိုယ့်ကိုကိုယ် သေရတော့မှာဘဲဟုတောင် တွေးလိုက်မိသေးသည်။ပြီးခဲ့သည့် နှစ်နာရီလောက်ကမှ ချစ်ရသူရယ်၊ ဆန်ပြုတ်ချိုချိုလေး တစ်ခွက်ရယ်နှင့် ခန္ဓာကိုယ်ချင်း ဂဟေဆက်တော့မတက် လုံးထွေးကာ ပွတ်သက်ခဲ့ကြသေးသည်ကို။တပျတ်ပျတ် မြည်သံများနှင့် ပစ်ချွဲချွဲ အနမ်းတွေကလည်း သူနှင့်အလှလေးတို့ အကြားမှာ အင်မတန်မှကို ယစ်မူးဖွယ် အတိပြီးခဲ့သည်။နှစ်ဦးသားလုံးက ဝတ်စုံကိုယ်စီကိုပင် မညှာတာနိုင်တော့စွာ ရန်ရှာပစ်နေခဲ့ကြပြီး

ရုတ်တရက်ကြီး ထမြည်လာခဲ့သည့် အနှီဝါးစိမ်းအိမ်ပုလေး၏ အမိုးအထက်က ကြေးခေါင်းလောင်းသံကြောင့်လည်း အငမ်းမရ ခရီးဆက်နေခဲ့ကြမိသည့် အနမ်းရိုင်းများကို အလိုမတူစွာသာ ရပ်တန့်ပစ်ခဲ့ကြရသည်။အနှီခေါင်းလောင်း မြည်သံကြောင့်ဘဲ အလှလေးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည့် မျက်တောင်ရှည်များဖြင့် ဆိုလာခဲ့သည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Tahanan ng mga kuwento. Tumuklas ngayon