🎭 C O C O E 🎭

6.4K 436 90
                                    

Unicode


'ဒုန်း ခလွမ်း'

မနက်စောစောစီးစီး အိမ်အောက်ထပ်မှ ဆူညံသံတွေကြောင့် ရှောင်းကျန့် မွေ့ရာပေါ်မှ ကုန်းရုန်းထလိုက်သည်။ရှောင်းကျန့်သည် နဂိုတည်းကမှ စိတ်ဆတ်လွယ်သောလူ ဖြစ်သည်။အထူးသဖြင့် သူအိပ်ရေးမဝလျှင် ဘီလူးဆိုင်းတီးတတ်သည်။

မွေ့ရာပေါ်ကို အကြည့်ပြန်ရောက်မိတော့ သူ့ဘေးက လူတစ်ယောက်စာ နေရာလေးက ဗလာနတ္ထိ။ထို့ကြောင့် အောက်ထပ်တွင် ဒယ်အိုးတွေနဲ့ ကစားနေသူမှာ ဝမ်ရိပေါ်သာ ဖြစ်လိမ့်မည်။

"ကျစ်..တစ်မနက်ခင်းလုံး နားတွေညည်းနေတာပဲ။ ကဲ ပြောစမ်းပါဦး ဒီနေ့ မနက်စာက ဘာလဲ။ "

လှေကားပေါ်​က ​သူ့အသံကြောင့် မီးဖိုချောင်ထဲက နောက်ကျောပြင်လေးဟာ တုန်တက်သွားသည်။

"ဟို ကျွန်တော်စလုပ်တုန်းက ပေါင်မုန့်ကြက်ဥကြော်ပါ။ ဒါပေမဲ့ အခုတော့ ပေါင်မုန့်တူးကြော် ဖြစ်သွားပြီ ဟီး။ "

အမှားလုပ်မိတာကြောင့် သူ့ကို မျက်နှာချိုသွေးကာ လာ'ဟီး'ပြနေသည့် ကို အာပေတူးကို အသေဆော်ပစ်လိုက်ချင်သည်။

"အေး အဲ့ဒီပေါင်မုန့်တူးကြော်ကြီးကို မင်းဘာသာမင်းပဲ ကုန်အောင်စား။ ငါ့အတွက် ကော်ဖီတစ်ခွက်ဆိုရပြီ။ လျှာရှည်ပြီး သကြားတွေ အများကြီးထည့်လာရင် မင်းကို အဲ့ဒီသကြားအရေအတွက်အတိုင်း လုပ်ပစ်မယ်..။"

"ဟီး ဟုတ်။ "

ခြိမ်းခြောက်လိုက်သည့်တိုင်အောင် ထိုကောင်လေးက မြင်းတစ်ကောင်လို သဘောတကျ ဟီးနေဆဲ ဖြစ်တာကြောင့် ရှောင်းကျန့်ပဲ လက်မြှောက်အရှုံးပေးလိုက်ပါသည်။

ရှောင်းကျန့်လည်း မီးဖိုချောင်က အသံဗလံတွေကို လျစ်လျူရှုလိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်ကာ သတင်းစာဖတ်နေလိုက်သည်။တအောင့်ကြာသောအခါ ပေါင်မုန့်တူးကြော်လေးနဲ့ ကော်ဖီခွက်လေးက သူ့မျက်စိရှေ့ရောက်လာသည်။

ဝမ်ရိပေါ်က အလုပ်ခံရမှာတော့ ကြောက်သည်ထင်ပါ့။ကော်ဖီအရသာက မချိုလွန်းဘဲ စိမ့်စိမ့်လေးဘက်ကို ရောက်သွားကာ သောက်လို့ကောင်းနေသည်။

C O C O E 🎭 ⦗Completed ⦘Where stories live. Discover now