လှပတဲ့နေ့လေးတစ်နေ့ရဲ့မနက်ခင်းလေးမှာမောင်ထယ်ယောင်းတို့သူ့အကိုJinရဲ့သာယာသောအသံလေးကြောင့်နိုးထလာခဲ့ရပါတယ်
"အငယ်ကောင်ရေထတော့လို့ပြောနေတယ်မလား ဟေ့ကောင်.."
"အင်းးး....၅မိနစ်ပဲ.. ၅မိနစ်🙋♂️"
မျက်လုံးမဖွင့်ပဲစောင်ထဲမှာလုံးလုံးလေးဖြစ်နေတဲ့ထယ်ယောင်းလေးကအသည်းယားစရာ
ဒါပေမဲ့အိမ်ရှင်မကြီး(အဲလေမှားလို့)အိမ်ပိုင်သူကြီးJinခမျာတော့အသည်းမယားနိုင်ဒီနေ့ထယ်ယောင်းကသူ့ကိုစောစောနိုးပါလို့မှာထားသောကြောင့်ပင်
"ဟေ့ကောင်မင်းပြောတော့ချိန်ထားတာရှိတယ်ဆို.."
"ဟမ်. အော် ဟုတ်သားပဲဟီးးးး...ဘယ်နှနာရီရှိပြီလဲ"
ထိုအခါမှစောင်ထုပ်ထဲမှာအတင်းရုန်းကန်ထွက်လာပြီးဘယ်အချိန်လဲမေးနေတဲ့
သကောင့်ဖနောင့်နဲ့သာပေါက်သတ်လိုက်ချင်တယ်
ခုနတုန်းကတော့သူသာအောက်ထပ်ကနေလိပ်ခေါင်းထွက်အောင်အော်မယ်
အပေါ်ကကာလနဂါးကမကြား"၉နာရီခွဲဟေ့..၉နာရီခွဲ"
"ဘာ....၉နာရီခွဲ!!!!!"
"ဟိတ်ကောင်ဖြေးဖြေးအော်..ငါနှလုံးရောဂါရသွားမယ်...ငါ့ရဲ့WWHမျက်နှာလေးလန့်ပြီးအရေးအကြောင်းတွေထင်ကုန်မယ်ကွဟွန်းးးး"
အရေးထဲအရှေ့မှာအရစ်ရှည်နေတဲ့အကိုကြောင့်taeလဲဘာမှမပြောပဲရေချိုးခန်းထဲဝင်ကာမျက်နှာသစ်အလှဆုံးရှိုးထုတ်ပြီးအပြင်သွားဖို့အမြန်ပြင်ဆင်ရတော့တယ်
အမောင်jinတစ်နည်းအားဖြင့်သူ့ရဲ့ကျေးဇူးရှင်အကိုကြီးWWHပေးတဲ့မနက်စာကိုပါးစပ်မှာကိုက်ကာ taxiငှားပြီး
သူ့ချစ်တဲ့သူ(တစ်နည်းအားဖြင့်*ခွက်*ပေါ့နော်)
Jennieရှိရာကိုထွက်လာခဲ့တယ်{ဒါထယ်ထယ်အ၀တ်အစားလေးပေါ့နော်}