ရေလှိုင်းတံခွန် အင်ပါယာ ၏နိဂုံး

43 1 2
                                    

ကမ္ဘာ့အချိန်749ခုနှစ်.....
ထိုအချိန်က ကမ္ဘာကြီးသည် အရပ်လေးမျက်နှာအလိုက် နေရာလေးခုကွဲထွက်နေ၏။
ကမ္ဘာ့ တောင်၀င်ရိုးစွန်း.....နဂါးမီးလျှံ အင်ပါယာ
ကမ္ဘာ့ မြောက်၀င်ရိုးစွန်း......ရေလှိုင်းတံခွန်ဖြာ အင်ပါယာ
ကမ္ဘာ အရှေ့....သွေးစိမ်းမြေမြ အင်ပါယာ
ကမ္ဘာ့အနောက်...လေပြေခတ်ထင် အင်ပါယာ ဟူ၍ဖြစ်၏။

စစ်ရေးစစ်ရာ၌အလွန်လိမ္မာပါးနပ်သော
နဂါးမီးလျှံ အင်ပါယာ၏အရှင်သခင်
ဂျိုးဆက်ဖ် မာတင်
သခင်မ ကြီး ဟာလီယာ ဂျူနို (သွေးစိမ်းမြေမြမှမင်းသမီး)
သားတော် ကေဗင်

ၕရိယာ စတုရန်းမိုင်ပေါင်း(60)သိန်းနီးပါးကျယ်၀န်းလှသော
နဂါးမီးလျှံ အင်ပါယာသည် ထိုအခါက အင်အား အကြီးမားဆုံးဖြစ်ခဲ့သည်။
အကြောင်းအရင်းကား အင်ပါယာ၏ အရှင်သခင်မှာ အလွန်လိမ္မာပါးနပ် သောကြောင့်ပင်။
ကမ္ဘာလေးခြမ်းအနက် သွေးစိမ်းမြေမြ ကိုလဲ သိမ်းပိုက်ထားသော နဂါးမီးလျှံအင်ပါယာ။
မီးနတ်ဘုရား၏ လက်ပါးစေများဖြစ်ကြသော နဂါး များ၏ 70ရာခိုင်နှုန်းခန့်မှာ နဂါးမီးလျှံ အင်ပါယာအပိုင်ဖြစ်၏။
နဂါး မီး လျှံ ဟူသော အမည်နာမမှာလည်း ယင်းအချက်ကြောင့်ပင်။

သခင်ကြီး မာတင်သည် စစ်ရေး သာမက အင်ပါယာ စည်ပင်သာယာမှုကိုပါအလေးပေးကာ လူသားချင်းမခွဲခြားပဲ မှန်ကန်ဖြောင့်မတ် သော ခေါင်းဆောင်လည်းဖြစ်၏။

သားတော် ကေဗင်(19နှစ်) သည်မွေးစက မီးနဂါး၏(၇)ခြစ် အမှတ်အသားပါလာကာ မီးရာသီ လွမ်းမိုးသော၊ မီးကိုထိန်းချုပ်နိုင်သောစွမ်းအင်ကိုပိုင်ဆိုင်ထား၏။

ယင်းအမှတ်အသားပါလာသူမှာအသက်(၂၀)ပြည့်လျှင် မီးကဲ့သို့ အလွန်ဆိုးသွမ်းယုတ်မာမည်ဖြစ်သောကြောင့် သခင်ကြီးမာတင်သည် မွေးစကပင် အမှတ်အသားကို ဖျောက်ပစ်ရန်ကြိုးစားခဲ့သည်။ ယခုကားအသက်(၁၉)ပင်ပြည့်ပြီးပြီ။
နက္ခက်ဆရာများ၏ အမှာအရ မင်းသားကေဗင်၏ မီးတံဆိပ်အမှတ်အသားကို ဖျောက်ပစ်ရန်မဖြစ်နိုင်၊ နောက်ဆုံးနည်းလမ်းအနေဖြင့် မီးကိုနိုင်သော ရေ ၏ အမှတ်အသားပိုင်ရှင်ကို ကေဗင့်အနားတွင်ထားရန်ဖြစ်သည်။

After the BeforeWhere stories live. Discover now